top of page

ဥရောပခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး ဗြိတိန်ဘုရင်ကြီး ချားလ်စ် ကို သွားရောက် တွေ့ဆုံဂါဝရပြု

  • Writer: BVJ
    BVJ
  • Mar 4, 2025
  • 1 min read

အေတီ/BVJ_ မတ် ၃ ၊ ၂၀၂၅


ယူကေနိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဇာလန်စကီးဟာ ဒီနေ့နေ့လည်ပိုင်းမှာ ဥရောပခေါင်းဆောင်များထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဗြိတိန်ဘုရင်ကြီးချားလ်စ် ကို သွားရောက်တွေ့ဆုံဂါဝပြုခဲ့ပါတယ်။


 ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ဖို့ကိစ္စ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ပြင်သစ်သမ္မတမက်ခရွန်၊ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုစ် ၊ အီတလီဝန်ကြီး ချုပ် ဂျော်ဂျာမီလိုနီအပါအဝင် ဥရောပနိုင်ငံခေါင်း ဆောင်တွေအား လုံးနီးပါး ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ကြပါတယ်။


ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ Lancaster Houseအပြင်ဖက်နဲ့ အမှတ်၁၀ ဒေါင်း နင်းလမ်း ရှေ့မှာ ယူကရိန်း သမ္မတဇာလန်းစကီးကိုထောက်ခံတဲ့သူတွေက ယူကရိန်းအလံတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြတာ တွေ့ရပါတယ်။


ယူကေ၊ပြင်သစ်နဲ့ အခြားဥ‌ရောပနိုင်ငံတွေက ယူကရိန်းနဲ့ ရုရှားစစ်ပွဲရပ်ဖို့ အစီအစဥ်တစ်ခုရေးဆွဲလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့အစီအစဥ်ကို အမေရိကန်အစိုးရ ကိုချပြ၊သဘောတူညီချက်ရယူပြီးမှ ရှေ့တိုးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ထိပ်သီးဆွေးနွေးပွဲမှာ ဥရောပခေါင်းဆောင်တွေနဲ့ ယုကရိန်းသမ္မတတို့ကြား အချက်လေးချက် ဘုံသဘော တူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ဒါ့ အပြင်၊ ယူကရိန်းအစိုးရ ဒုံးကျည်အသစ်တွေဝယ်ယူဖို့ ပေါင် ၁.၆ ဘီလီယံ (ဒေါ်လာ ၂.၀၁ ဘီလီယံ) ပေးဖို့ ယူကေက သဘောတူညီခဲ့ ပါတယ်။ ဥရောပခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းနဲ့ ရုရှားကြားက ဘယ်လိုငြိမ်းချမ်းရေး သဘောတူညီချက်မျိုးရအောင်လုပ်လုပ် အမေရိကန်အစိုးရနဲ့ညှိနှိုင်းပြီးမှသာ ဆက် လက်လုပ်ဆောင်ရမယ်လို့ ယူကေဝန်ကြီးချုပ် ကီယာ စတမ်မာက အတည်ပြုပါတယ်။


ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ယူကေဝန်ကြီးချုပ်ကီယာစတမ်မာတို့က ယူကရိန်းနဲ့ ရုရှားကြား တစ်လတာအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အဆိုပြုထားတယ်လို့ သတင်းတွေထွက်လာပါတယ်။ဒီအပစ်ခတ်ရပ်စဲရေးအဆိုပြုချက်ဟာ မြေပြင်တိုက်ပွဲတွေတင်သာမက လေတပ်နဲ့ ရေတပ်အတွက်ပါ အကျုံးဝင်လာမယ်လို့ ပြင်သစ်သတင်းစာ Le Figaroနဲ့ အင်တာဗျုးမှာ ပြင်သစ်သမ္မတမက်ခရွန်းက ပြောထားပါတယ်။


ယူကရိန်းသမ္မတ ဇာလန်စကီးဘက်ကတော့ ပြင်သစ်နဲ့ယူကေတို့ ဦးဆောင် အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြောတာမရှိသေးသလို ဒီနေ့အစည်းအဝေးဟာ ပထမအဆင့်ခြေလှမ်းပဲရှိသေးတယ်လို့ ဆိုပါတယ်။



“ယူကရိန်းနိုင်ငံအတွက် အကောင်းဆုံးလုံခြုံရေးအာ မခံချက်ရဖို့က ယူကရိန်းစစ်တပ် အင်အားကောင်းဖို့လိုတယ်” လို့ ထိပ်သီးအစည်းအဝေးအပြီး သတင်း စာရှင်းလင်းပွဲမှာ ဇာလန်းစကီးက ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ အမေရိကန်တို့အကြားဆက်ရေးက ဆက်လက် တည်မြဲနေဦးမှာဖြစ်ပြီး သော ကြာနေ့က အိမ်ဖြူတော် ဘဲဥပုံခန်းမထဲမှာဖြစ်ခဲ့တဲ့ကိစ္စဟာ အနာဂတ်နှစ်နိုင်ငံဆက်ရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ လည်း သူကဆိုပါတယ်။


ဥရောပခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးအပြီး ညနေပိုင်းမှာ ယူကရိန်းသမ္မတ ဇာလန်စ ကီးဟာ ဗြိတိန်ဘုရင်ကြီး ချားလ်စ် ကို သွားရောက်တွေ့ဆုံဂါဝရပြုခဲ့ပါတယ်။


ဘုရင်ကြီး နဲ့တွေ့တဲ့အချိန်မှာလဲ အနောက်တိုင်းဝတ်စုံဝတ်သွားတာမတွေ့ရပဲ အရင်သူဝတ်နေကျ အ ဝတ်အစားပုံစံအတိုင်းပဲ ဝတ်ဆင်ခဲ့ပါတယ်။ သူအဲ့လိုပဲ ဝတ်စားသွားတဲ့ပုံစံကို ချား လ်စ်ဘုရင်ကြီးရော သူ့လူတွေဘက်က ဘာပြာသာနာမှရှိပုံမရကြပါဘူး။


ဗြိတိန်ဘုရင်ကြီးချားလ်စ်က ဇာလန်းစကီး ကို Norfolk ခရိုင် Sandringham စံအိမ်မှာ နွေးနွေးထွေးထွေး လက်ခံတွေ့ဆုံခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page