top of page

အနန်းကွင်းကို စစ်ကူလာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး

  • Writer: Zayar Oo
    Zayar Oo
  • Jan 5, 2025
  • 1 min read

BVJ/ထက်အောင် _ ဇန်နဝါရီ ၅ ၊ ၂၀၂၅

ပုံစာ - တိုက်ပွဲအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများ။ (Photo: Red Dragon Column)
ပုံစာ - တိုက်ပွဲအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများ။ (Photo: Red Dragon Column)

ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူပေးဖို့ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေမြန်တပ်ရင်းနဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ နဂါးနီစစ်ကြောင်း (RDC) နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ကတည်းက ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်းကို ဝင်ရောက်လာတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂ ရက်နေ့အထိ လေးရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက် ၁၅ လက်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။



တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာလေယာဉ် ၂ စီးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ဗုံးသီးကြဲချတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကြောင်း (တတက) ကနေ ၁၅၅ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို အနန်းကွင်းဗျူဟာစခန်းကနေလည်း ၈၁ မမတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အင်အား ၂၀၀ ဝန်းကျင်နဲ့ အထိုင်ကျထားတဲ့ အနန်းကွင်းဗျူဟာစခန်းကို KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်သလို အထိနာနေတဲ့ ဗျူဟာစခန်းကို အင်အားဖြည့်ဖို့ တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page