အကြမ်းဖက်အဖွဲ့စာရင်းထဲပါတဲ့ ဆီးရီးယား HTS သူပုန်အဖွဲ့နဲ့ ယူကေအစိုးရ သံတမန်အဆက်အသွယ်ပြုလုပ်
- Zayar Oo
- Dec 17, 2024
- 1 min read
BVJ/အေတီ_ ဒီဇင်ဘာ ၁၆ ၊ ၂၀၂၄

အာဏာရှင် အာဆတ်အစိုးရလက်ထဲက အာဏာရယူထားတဲ့ ဆီးရီးယားက HTSသူပုန်အဖွဲ့နဲ့ သံတမန်အဆက်အသွယ်စလုပ်နေပြီလို့ ယူကေနိုင်ငံခြားရေး ဒေးဗစ်လမ်မီက ထုတ်ပြောပါတယ်။
ယူကေအစိုးရက Hayat Tahrir al-Sham (HTS)သူပုန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းမှာ ထည့်သွင်းထားဆဲဖြစ်ပေမယ့် မဖြစ်မနေအဆက်အသွယ်လုပ်ရမယ့်ကိစ္စတွေရှိနေတာကြောင့် သံတမန်အဆက်အသွယ်လုပ်ရတာဖြစ်ကြောင်း ဒေးဗစ်လမ်မီက ရှင်းပြပါတယ်။
ဆီးရီးယားနိုင်ငံကို ထိန်းချုပ်ထားတဲ့ HTSသူပုန်အဖွဲ့နဲ့ အမေရိကန်အစိုးရက တိုက်ရိုက်သံ တမန်အဆက်အသွယ်လုပ်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်က စနေနေ့မှာပြောကြားခဲ့ပြီးနောက်ပိုင်း နောက်တနေ့မှာ ယူကေနိုင်ငံခြားရေးဝန်ကြီးကလဲ ဆီးရီးယားသူပုန်အဖွဲ့နဲ့ သံတမန်အဆက်အသွယ်ရှိနေပြီလို့ ထုတ်ပြောခဲ့ ပါတယ်။
အရေးပေါ်အကူအညီလိုအပ်နေတဲ့ ဆီးရီးယားနိုင်ငံကဒုက္ခသည်တွေအတွက် ယူကေအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စတာလင်ပေါင်သန်း ၅၀ပေးဖို့စီစဥ်ထားတဲ့ အကြောင်း သတင်းထုတ်ပြန်တဲ့အချိန်မှာ ယူကေနိုင်ငံခြားရေးဝန်ကြီး လမ်မီက ပြောခဲ့ တာဖြစ်ပါတယ်။
"ပါဝင်သင့်တဲ့လူတွေအားလုံးပါဝင်နိုင်တဲ့ အစိုးရအဖြစ် ကျွန်တော်တို့ မြင်တွေ့ချင်တယ်။ ဓာတုလက်နက်တွေ သိုလှောင်ထားတဲ့ နေရာတွေကို လုံခြုံမှုရှိအောင် ထိမ်းသိမ်းပြီး အကြမ်း ဖက်မှုတွေလဲ အဲ့ဒီမှာဆက်မဖြစ်စေချင်ပါဘူး “လို့ တနင်္ဂနွေနေ့မှာ ဒေးဗစ်လမ်မီက ပြောခဲ့ပါတယ်။
HTS သူပုန်အဖွဲ့နဲ့ သံတမန် ထိတွေ့ဆက်ဆံရေးအတွက် အသုံးပြုသင့်တဲ့ ၊ သူတို့မှာရှိတဲ့၊ လိုအပ်တဲ့ လမ်းကြောင်းတွေအားလုံး အသုံးပြုသွားမယ်လို့ သူက ဆိုပါတယ်။ဒါပေမယ့် သူ့အနေနဲ့ ကတော့ HTS အဖွဲ့နဲ့တိုက်ရိုက်သံတမန်အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ လည်း ထပ်ပြောပါတယ်။
အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေပြဌာန်းချက်အရ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေက လူသား ချင်း စာနာထောက်ထားမှုအကူအညီတွေအတွက် HTSအဖွဲ့နဲ့ ဆက်သွယ်ဆော င်ရွက်ခွင့်ရှိတယ်လို့ ယူကေအစိုးရ သတင်းအရင်းမြစ်တွေက ထောက်ပြပါတယ်။ဒါပေမယ့် သံတမန်အဆ က်အသွယ်တွေလုပ်နေရပေမယ့် HTSသူပုန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းက ပယ်ဖျက်ဖို့ အစီအစဥ်မရှိသေးဘူးလို့လည်း ယူကေအစိုးရအသိုင်းအဝန်းသတင်းရင်းမြစ်တချို့ကလဲ အတည်ပြုပါတယ်။
အာဆတ်အစိုးရနောက်ပိုင်း နောက်ဆက်တွဲဖြစ်လာမယ့် ဆီးရီးယားနိုင်ငံအတွင်းက အခြေအနေ တွေကိုယူကေနဲ့ အမေရိကန်နှစ်နိုင်လုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ ၂၀၂၂ခုနှစ် သြဂုတ်လကတည်းက ဆီးရီးယားနိုင်ငံအတွင်းမှာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေတဲ့ အမေရိကန် သတင်းထောက် Austin Tice နဲ့ပတ်သက်ပြီးတော့လည်း အမေရိကန်အစိုးရနဲ့ HTS သူပုန်အဖွဲ့ ကြာ အဆက်အသွယ်လုပ်နေတာတွေရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က စနေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယူကေအစိုးရက HTSသူပုန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းက ဖယ်ရှားဖို့ အစီစဥ်ရှိလား ဆိုတဲ့ မေးခွန်းကို အယ်လ်ကေးဒါးအဖွဲ့ နဲ့အဆက်အသွယ်ရှိခဲ့တဲ့အဖွဲ့ ဖြစ်တဲ့အတွက် သူတို့အ ဖွဲ့လှုပ်ရှား မှုအခြေအနေတွေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်လို့ရမယ်လို့ ဒေးဗစ်လမ်မီက ပြန်ဖြေပါတယ်။
လောလောဆယ်တော့ HTSအဖွဲ့ကိစ္စကို ဆုံးဖြတ်ချက်ချဖို့ အစီအစဥ်မရှိသေးဘူးလို့ ပြီးခဲ့တဲ့အပတ်က ယူကေ၀န်ကြီးချုပ် ဆာကီယာစတမ်မာကလည်း ပြောထားပါတယ်။
၂၀၁၁ခုနှစ်က အာရပ်နွေဦး ဆန္ဒပြပွဲတွေကို အာဆတ်အစိုးရက ရက်ရက်စက်စက်ဖြိုခွင်းခဲ့ ပြီး ၂နှစ်အကြာ ၂၀၁၃ခုနှစ်မှာ ယူကေအစိုးရက ဆီးရီးယားက သံရုံးကိုပိတ်လိုက်ပီး သံအဆက်အသွယ် ဖြတ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ကနေ ၂၀၂၁ခုနှစ်အတွင်း ယူကေမှာ ဆီးရီးယားနိုင်ငံသား သုံးသောင်းကျော်ကို နိုင်ငံရေးခိုလှုံခွင့်ပြုခဲ့ပေမယ့် ပြောင်းလဲသွားတဲ့နိုင်ငံရေးအခြေအနေရ ဆီးရီးယားတွေ ယူကေမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ သိပ်မလွယ်တော့ဘူးလို့ ယူကေပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အာဏာရှင် အာဆတ်မိသားစုက ဆီးရီးယားနိုင်ငံကို နှစ်၅၀ကျော် အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုက ရေစီ ထောက်ခံတဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အာဆတ်က ၂၀၁၁ခုနှစ်မှာ အာဆတ်အစိုးရက ရက်ရက် စက်စက် ဖြိုခွင်းခဲ့တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးရီးယားနိုင်ငံတွင်းမှာ ပြည်တွင်း စစ်ဖြစ်ပွားခဲ့ပြီး လူတစ်သန်းခွဲကျော်အသက်ဆုံးရှုံးခဲ့သလို လူ၁၂သန်းဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်
HTSသူပုန်အဖွဲ့က အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ကေးဒါးနဲ့ အဆက်အသွယ်ရှိခဲ့တာကြောင့် ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဘာသာခြား လူနည်းစုအနေနဲ့ HTSအဖွဲ့ရဲ့ အုပ်ချုပ်မှု အောက်မှာ သူတို့အနာဂတ် လုံခြုံပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေကြပါတယ်။
Ref:BBC




Comments