ယူကေဝန်ကြီးချုပ် ရာထူးကနုတ်ထွက်
- BVJ

- 2 days ago
- 1 min read
အေတီ/BVJ_ ဇွန် ၂၂၊ ၂၀၂၆

ယူကေဝန်ကြီးချုပ် ကီးယားစတာမာ (Keir Starmer)ဟာ ဝန်ကြီးချုပ်ရာထူးနဲ့ လေဘာပါတီခေါင်းဆောင်ရာထူးတွေကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။
သူတာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွင်းချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ "ချစ်မြတ်နိုးတဲ့နိုင်ငံအတွက် ရှေ့တန်းတင်" ချမှတ်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးချုပ်ကီယာစတာမာကပြောပါတယ်။ ဒါ့အပြင်ကီယာစတာမာကသူ့ရဲ့ဇနီး ဗစ် (Vic)ကိုသူအားကိုးရတဲ့အမာခံတစ်ယောက်အဖြစ် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

သူ့နေရာမှာအစားထိုးမယ့်ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ပြီးချိန်အထိ လက်ရှိတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း စတာမာကအတည်ပြုပြောကြားခဲ့ပြီး ခေါင်းဆောင်သစ်ရွေးချယ်မှုကို "စက်တင်ဘာလအတွင်းပါလီမန်ပြန်လည်စတင်မယ့်အချိန်မတိုင်မီ" အပြီးဆောင်ရွက်ပေးဖို့ ပါတီ အုပ်ချုပ်ရေးအဖွဲ့ဆီတောင်းဆိုထားပါတယ်။
ယူကေဝန်ကြီးချုပ်နေရာကိုဆက်ခံနိုင်ဖွယ်ရှိသူ အန်ဒီ ဘန်ဟမ်(Andy Burnham)ဟာ ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် မေကာဖီးလ် (Makerfield) မဲဆန္ဒနယ်လွှတ်တော်အမတ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုဖို့ ဝက်စ်မင်စတာ ယူကေပါလီမန်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။
ခရက်ဒစ်-BBC




Comments