အပူချိန်မြင့်တက်မှုကြောင့် ယူကေမှာ ကျောင်းတစ်ထောင်ကျော်ပိတ်ထားရပြီး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထား
- BVJ

- Jun 26
- 1 min read
BVJ_ဇွန် ၂၄၊ ၂၀၂၆

ယူကေနိုင်ငံတစ်ဝန်း အပူချိန်အလွန်အမင်းမြင့်တက်လာမှုကြောင့် အင်္ဂလန်နဲ့ ဝေးလ်ပြည်နယ်ရှိ ကျောင်း ၁,၀၀၀ တစ်ထောင်ကျော်ပိတ်ထားရပါတယ်။ တချို့ကျောင်းတွေကတော့ နွေရာသီကျောင်းပိတ်ရက်မတိုင်ခင် စောစောပိတ်လိုက်ရပါတယ်။
အင်္ဂလန်နိုင်ငံတောင်ပိုင်းရဲ့ ဒီနေ့အပူချိန်က ၃၇ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ ရှိလာမယ်လို့ခန့်မှန်းထားပေမယ့် BBC Weatherရဲ့ခန့်မှန်းချက်အရ အဲ့ဒီထက် ပိုမိုမြင့်နိုင်တယ်လို့ သိရပါတယ်။

အပူချိန်မြင့်မားမှုကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် သယ်ယူပို့ဆောင်ရေးမှာလည်း ကြန့်ကြာမှုတွေဖြစ်ပေါ်နိုင်ကြောင်း Met Office ယူကေ မိုးလေဝသဌာနက အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပါတယ်။
မီးရထားစီးခရီးသည်တွေအနေနဲ့ အရေးကြီးကိစ္စမဟုတ်ရင်ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြဖို့သတိပေးထားပြီး၊ စနေနေ့အတွက် တောင်ပိုင်းနဲ့အရှေ့ပိုင်းအင်္ဂလန်မှာ "ပယင်းရောင်" (amber) အပူချိန်သတိပေးချက်အသစ် ထုတ်ပြန်ထားပါတယ် ။
ခရက်ဒစ်-BBC



Comments