top of page

အကျပ်အတည်းကြားက ရှင်သန်ရပ်တည်ရေးအတွက် လွတ်လပ်တဲ့သတင်းမီဒီယာတွေ ဆွေးနွေး

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

BVJ_ မေ ၁၀၊ ၂၀၂၅


အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွတ်လပ်တဲ့အာရှအသံ (RFA) ရုံးချုပ် (Charlie Dharapak/RFA)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွတ်လပ်တဲ့အာရှအသံ (RFA) ရုံးချုပ် (Charlie Dharapak/RFA)

“အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေက သတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သံတမန်တချို့နဲ့ မီဒီယာပံ့ပိုးတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း (၁၃၀)ခန့်ဟာ မြန်မာနိုင်ငံပြင်ပတနေရာမှာ ညီလာခံ သုံးရက်ကျင်းပပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဲ့ဒီညီလာခံမှာ မြန်မာနိုင်ငံအတွင်းဖြစ်တည်နေတဲ့ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှုအခြေအနေတွေ၊ နိုင်ငံရေးရှုပ်ထွေးမှုတွေကြားက သတင်းတက်ဆက်ထုတ်လွှင့်မှု အခြေအနေတွေနဲ့ အနာဂတ်အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတကာမြန်မာသတင်း(Burma News International-BNI)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။


ညီလာခံမှာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေအပါအဝင် အခြားအခက်အခဲတွေကိုလည်း သတင်းသမားတွေကတင်ပြဆွေးနွေးခဲ့ကြပြီး အလှူရှင်တွေနဲ့ တက်ရောက်လာတဲ့အဖွဲ့အစည်းတွေကလည်း အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဒီညီလာခံကို BNIကဦးဆောင်ပြီး နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံအဖြစ် “အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ အခုလ ၅ရက်ကနေ ၇ရက်အထိ ကျင်းပတာဖြစ်ပါတယ်။


ညီလာခံမှာ သတင်းမီဒီယာဆိုင်ရာဥပဒေတွေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြပြီး သတင်းမီဒီယာဆိုင်ရာဥပဒေတွေ ပြင်ဆင်ရေးဆွဲရာမှာ အနာဂတ်မှာပေါ်ပေါက်လာနိုင်မယ့် အောက်ခြေကနေ အထက်သို့(Bottom Up Federalism) ပုံသဏ္ဍာန်ကို အခြေခံဖို့နဲ့ မီဒီယာကောင်စီ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာရဲ့ တာဝန်ရှိအဖွဲ့အစည်းတွေကို အစိုးရနဲ့ကင်းလွတ်တဲ့အဖွဲ့အစည်းတွေဖြစ်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ အခြားစုံလင်ကွဲပြားတဲ့အုပ်စုတွေ ပါဝင်မှုရှိတဲ့ပုံစံနဲ့ ဖွဲ့စည်းဖို့ စတာတွေကို ‌ဆွေးနွေးအကြံပြုခဲ့ကြတယ်လို့ သိရပါတယ်။


အမေရိကန်သမ္မသစ် ထရမ့်တက်လာပြီးနောက်ပိုင်းမှာ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USGAM) ရပ်ဆိုင်းခံရတာကြောင့် RFAနဲ့VOA မြန်မာပိုင်းသတင်းဌာနတွေလည်း ရပ်ဆိုင်းသွားရသလို Techileik News Agencyသတင်းဌာနလည်း ယာယီရပ်နားကြောင်း အခုလ ၃ရက်နေ့မှာ ကြေညာပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page