top of page

သေနတ်လုပြီးထွက်ပြေးဖို့ကြိုးစားတဲ့ဗိုလ်မှူးကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

Writer: BVJ
BVJ
10 minutes ago
1 min read

အီးကေ/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၆

၂၀၂၆ခုနှစ်၊ဇန်နဝါရီ ၁၅ ရက်က ကံတလူတိုးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်စဥ်
၂၀၂၆ခုနှစ်၊ဇန်နဝါရီ ၁၅ ရက်က ကံတလူတိုးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်စဥ်

တာဝန်ကျရဲဘော်ဆီကနေ သေနတ်လုပြီးထွက်ပြေးဖို့ကြိုးစားတဲ့ စစ်အုပ်စုလက်အောက်ခံသံချပ်ကာတပ်က ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။


ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်အနီးမှာ အရပ်ဝတ်နဲ့တစ်ယောက်ထဲကားမောင်းလာချိန်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့မှာ အထက်ဌာနကိုပို့ဆောင်ဖို့ပြင်ဆင်နေချိန်မှာ တာဝန်ကျရဲဘော်တွေဆီက သေနတ်ကိုလုယူပြီးထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


လက်ရှိမှာ ဗိုလ်မှူးကြီးဇော်မျိုးတင့်ရဲ့ စစ်မှုထမ်းကတ်ပြားဓာတ်ပုံလည်း အွန်လိုင်းပေါ်မှာပျံ့နှံ့နေတာကိုတွေ့ရပါတယ်။


ခရီးသွားတွေကို မကြာခဏဖမ်းဆီးငွေညှစ်လေ့ရှိတဲ့ အဲဒီကံတလူတိုးဂိတ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့ကို သွားရာလမ်းဆုံမှာရှိတာဖြစ်ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ ဂိတ်ကိုဖောက်ခွဲဖျက်ဆီးခဲ့တဲ့နေရာဖြစ်ပါတယ်။


လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page