top of page

အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ_ဧပြီ ၁၇ ၊ ၂၀၂၅


အင်းစိန်အကျဉ်းထောင့်ရှေ့မှာ စောင့်ဆိုင်းနေကြသူ‌တွေကို ၂၀၂၅ ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ်။ Photo: CJ
အင်းစိန်အကျဉ်းထောင့်ရှေ့မှာ စောင့်ဆိုင်းနေကြသူ‌တွေကို ၂၀၂၅ ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ်။ Photo: CJ

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးနဲ့ နိုင်ငံခြားသား/သူ ၁၃ ဦးတို့ကို ဒီနေ့ မြန်မာနှစ်သစ်ကူး ၁ ရက်၊ ဧပြီ ၁၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။


စစ်ကောင်စီထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၄၈၉၃ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု ရှိ၊ မရှိကို မသိရသေးပါဘူး။


အခု စစ်ကောင်စီ လွှတ်ပေးတဲ့ အကျဉ်းသားတွေကို နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်မှုပါက လက်ရှိပြစ်ဒဏ်အပြင် အရင်ကျန်ရှိပြစ်ဒဏ်တွေပါ ထပ်ပေါင်းကျခံရမယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား/သူ ၁၃ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပါပေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


နိုင်ငံတဝန်း စစ်ကောင်စီ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၉၀၃၀ ဦးအထိရှိပြီး ၆၈၃၃ ဦး ပြန်လည်လွတ်မြောက်လာပေမဲ့ လက်ရှိအချိန်ထိ မတရားဖမ်းဆီးခံထားရသူ ၂၂၁၉၇ ဦးအထိ ရှိနေဆဲဖြစ်တယ်လို့ နိုင်ငဲရေးအကျဉ်းသားများကူညီသောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page