top of page

အီရန်ခေါင်းဆောင် ဘယ်နှစ်ယောက် သေဆုံးသွားပီလဲ၊ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာမလဲ

  • Writer: BVJ
    BVJ
  • 3 days ago
  • 3 min read
အီရန်ရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်နေရာ ဆက်ခံမယ့်သူအဖြစ် ရေပန်းစားနေတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့   အယာတိုလာ ခါမေနီ ရဲ့ သား မိုဂျာတာဘာ ခါမေနီ
အီရန်ရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်နေရာ ဆက်ခံမယ့်သူအဖြစ် ရေပန်းစားနေတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့   အယာတိုလာ ခါမေနီ ရဲ့ သား မိုဂျာတာဘာ ခါမေနီ

အေတီ


ကြားဖြတ်ကာလမှာ ဦးဆောင်မှုကောင်စီ (Leadership Council) က တိုင်းပြည်ကို စီမံခန့်ခွဲသွားမှာဖြစ်ပေမယ့်၊ အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ ကျွမ်းကျင်သူများအဖွဲ့ (Assembly of Experts) လို့ခေါ်တဲ့ အဖွဲ့ဝင် ၈၈ ဦးပါဝင်တဲ့ ကောင်စီက ချမှတ်မှာဖြစ်ပါတယ်။


အီရန်ရဲ့  အဆင့် အမြင့်ဆုံးခေါင်းဆောင်မှု သမိုင်းကြောင်း


အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ဟာ ၁၉၇၉ ခုနှစ် ဧပြီလမှာ  စတင် ထူထောင်ခဲ့တဲ့  အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်ပါတယ်။ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့  အယာတိုလာ ရူဟိုလာ ခိုမေနီ (Ayatollah Ruhollah Khomeini) ၁၉၈၉ ခုနှစ် ဇွန်လမှာ ကွယ်လွန်ပြီးနောက် အာဏာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။

 

အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်ဟာ  နိုင်ငံတော်ရဲ့ ကိစ္စရပ်အားလုံးမှာ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်ပါတယ်။အဲ့ဒါကြောင့်  အာဏာကို ၃၇ နှစ်နီးပါး ချုပ်ကိုင်ခဲ့တဲ့  ခါမေနီ သေဆုံးမှုဟာ အီရန်နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အပြောင်းအလဲ (Transition) တစ်ခု ဖြစ်လာမှာ သေချာပါတယ်။


 

တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ အဆင့်မြင့်ခေါင်းဆောင်များ

 

ခါမေနီအပြင် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် အခြားသော အီရန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေကတော့  


  • အီရန်စစ်တပ်  စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူ ရာဟင်း မူဆာဗီ (General Abdol Rahim Mousavi)

  • ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဇစ် နာဆာဇာဒေး (General Aziz Nasirzadeh): ။

  •  တော်လှန်ရေးအစောင့်တပ် (IRGC)  ထိပ်တန်းတပ်မှူး ဗိုလ်ချုပ် မိုဟာမက် ပက်ပါ) (Major General Mohammad Pakpour):  (ပြီးခဲ့တဲ့  ဇွန်လက အစ္စရေးရဲ့  တိုက်ခိုက်မှုကြောင့် ယခင်တပ်မှူးသေဆုံးပြီးနောက် ရာထူးဆက်ခံခဲ့သူ)။

  •  ခါမေနီ၏ ထိပ်တန်းလုံခြုံရေးအကြံပေးအရာရှိ  အလီ ရှမ်ခါနီ (Ali Shamkhani):


လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ခေါင်းဆောင်များ အပေါ်ဘယ်ဘက် လက်ယာရစ်အတိုင်း- မိုဟာမက် ပါ့ခ်ပူး၊ အဇစ် နာဆာဇာဒက်၊ အဗ္ဗဒို ရာဟင် မူဆာဗီ နဲ့ အလီ ရှမ်ခါနီ။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ခေါင်းဆောင်များ အပေါ်ဘယ်ဘက် လက်ယာရစ်အတိုင်း- မိုဟာမက် ပါ့ခ်ပူး၊ အဇစ် နာဆာဇာဒက်၊ အဗ္ဗဒို ရာဟင် မူဆာဗီ နဲ့ အလီ ရှမ်ခါနီ။

 

ခါမေနီ မိသားစုဝင်များ ထိခိုက်မှု

 

အီရန်မီဒီယာတွေရဲ့  ဖော်ပြချက်အရ ခါမေနီရဲ့ သမီး၊ မြေး၊ သားမက်နှင့် ချွေးမ တို့လည်း အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့  ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်  လေကြောင်းတိုက်ခိုက်မှုအတွင်း အောက်ပါအရေးပါတဲ့  အီရန်ထိပ်တန်းအရာရှိကြီးများလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။


ထပ်မံအတည်ပြု သေဆုံးစာရင်း


  • Saleh Asadi (ဆာလေး အာဆာဒီ): Khatam al-Anbiya အရေးပေါ်ကွပ်ကဲမှုဌာန  ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာနမှူး။ သူဟာ အီရန်လက်နက်ကိုင်တပ်ဖွဲ့များရဲ့  စစ်ဦးစီးဌာန အဆင့်မြင့်ထောက်လှမ်းရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။


  • Mohammad Shirazi (မိုဟာမက် ရှီရာဇီ): ခါမေနီရဲ့  စစ်ဘက်ရေးရာရုံးအဖွဲ့မှူး။ ၁၉၈၉ ခုနှစ်ကတည်းက ခါမေနီနှင့် စစ်တပ်ကြား ဆက်သွယ်ရေးကို တာဝန်ယူခဲ့တဲ့  အဓိကကျသူဖြစ်ပါတယ်။


  • Hossein Jabal Amelian (ဟူစိန် ဂျာဘယ် အာမယ်လီယန်): SPND (ကာကွယ်ရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် သုတေသနအဖွဲ့) ဥက္ကဋ္ဌ။ ၎ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက် ဆိုင်ရာ စီမံကိန်းတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။

 


  • Reza Mozaffari-Nia (ရီဇာ မိုဇာဖာရီ-နီယာ): SPND  ဥက္ကဋ္ဌဟောင်း  ဒုတိယကာကွယ် ရေးဝန်ကြီးဟောင်း၊အီရန် နျူကလီးယားလက်နက်ထုတ်လုပ်ရေး ကြိုးပမ်းမှုမှာ အဓိကပါဝင်ခဲ့သူဖြစ်ပါတယ်။


လက်ရှိ အခြေအနေ

 

အီရန်နိုင်ငံကို အုပ်ချုပ်ဖို့အတွက် အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့  "ယာယီခေါင်းဆောင်မှုကောင်စီ" တစ်ခုကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီကောင်စီမှာ ပြပြုပြင်ပြောင်းလဲရေးလိုလားတဲ့ သမ္မတ Masoud Pezeshkian (မာဆု ပီဇက်ရှ်ကီယန်)။သဘောထားတင်းမာသူ တရားသူကြီးချုပ် Gholamhossein Mohseni Ejei (ဂိုလမ်ဟိုစိန် မိုဆီနီ အီဂျေအီ)Alireza Arafi (အလီရီဇာ အာရာဖီ): အီရန်နိုင်ငံရဲ့ Guardian Council အဖွဲ့ဝင်၊ အစ္စလာမ်မစ် ဘာသာရေးဥပဒေ ပညာရှင်ဖြစ်သလို Basij (ဘက်ဆစ်ဂျ်) အရပ်ဘက် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အကြီးအကဲ Alireza Arafi (အလီရီဇာ အာရာဖီ) တို့ပါဝင်ပါတယ်။

 

အီရန်လုံခြုံရေးအကြီးအကဲ Ali Larijani က အဆိုပါကောင်စီကို တနင်္ဂနွေနေ့မှာ စတင်ဖွဲ့စည်းမယ် လို့ ပြောကြားထားပါတယ်။


"ကျွန်တော်တို့ဟာ အခုလို အခြေအနေမျိုးဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတာ  ကြိုတင်ပြင်ဆင် ထားပြီးသားပါ။ ကြည်ညိုလေးစားရတဲ့ အီမာမ် ခါမေနီ အာဇာနည်အဖြစ် အသက်ပေးသွား ရပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးအတွက် အစီအစဉ်တွေ ရှိပြီးသားဖြစ်ပါတယ်" လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Qalibaf က ပြောပါတယ်။


မတ်လ ၁ ရက်နေ့က အမေရိကန်နဲ့  အစ္စရေးတို့ စနေနေ့က တိုက်ခိုက်မှုများအပြီး အီရန်က ဒုံးကျည်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့က လူနေအဆောက်အအုံတစ်ခုပေါ်သို့ ဒုံးကျည်ကျရောက်ခဲ့တဲ့  မြင်ကွင်း
မတ်လ ၁ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ စနေနေ့က တိုက်ခိုက်မှုများအပြီး အီရန်က ဒုံးကျည်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့က လူနေအဆောက်အအုံတစ်ခုပေါ်သို့ ဒုံးကျည်ကျရောက်ခဲ့တဲ့ မြင်ကွင်း

 

ခေါင်းဆောင်သစ်ကို ဘယ်သူတွေက ရွေးချယ်မှာလဲ

 

ကြားဖြတ်ကာလမှာ  ဦးဆောင်မှုကောင်စီက တိုင်းပြည်ကို စီမံခန့်ခွဲသွားမှာဖြစ်ပေမယ့်၊ ခေါင်းဆောင်သစ် ရွေးချယ်ဖို့ကိစ္စကို "ကျွမ်းကျင်သူများအဖွဲ့ (Assembly of Experts)" လို့ခေါ်တဲ့ အဖွဲ့ဝင် ၈၈ ဦးပါဝင်တဲ့ ကောင်စီက လုပ်ဆောင်မှာဖြစ်ပါတယ်။ အီရန်ဥပဒေအရ အဆိုပါအဖွဲ့ဟာ အမြန်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရမှာ ဖြစ်ပါတယ်။


ဒီကောင်စီကို ရှီအာ (Shiite) ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားပြီး၊ သူတို့ကို ၈ နှစ် တစ် ကြိမ် ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်ပွဲကျင်းပကာ ရွေးချယ်တာဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ ကောင်စီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ အီရန်ရဲ့ အခြေခံဥပဒေဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Guardian Council) က ဦးစွာစိစစ် အတည်ပြုပေးရတာ ဖြစ်ပါတယ်

 

စောင့်ကြည့်ရေးကောင်စီ (Guardian Council) ဟာ ကိုယ်စားလှယ်လောင်းတွေကို အရည်အချင်း မပြည့်မီဘူးဆိုပြီး ပယ်ချလေ့ရှိတာကြောင့် နာမည်ကျော်ပါတယ်။ အဲဒီကောင်စီဟာ အီရန်သမ္မတဟောင်း ဟက်ဆန် ရိုဟာနီ (Hassan Rouhani) ကိုတောင် ၂၀၂၄ ခုနှစ်၊ မတ်လမှာကျင်းပတဲ့ ကျွမ်းကျင်သူများအဖွဲ့ (Assembly of Experts) ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

 

ရိုဟာနီဟာ အလယ်အလတ်လမ်းစဉ်သမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ JCPOA နျူကလီးယားသဘောတူညီချက်ကို ရရှိအောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသဘောတူညီချက်ကနေ ဒေါ်နယ်ထရမ့် လက်ထက်မှာ အမေရိကန်က နောက်ပိုင်းမှာ ပြန်လည်နုတ်ထွက်သွားခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က  အီရန်ရဲ့  အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့  ဒုတိယမြောက်သား မိုဂျတာဘာ ခါမေနီမို (ဘယ်ဘက်)  အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဟစ်ဇ်ဘိုလာရုံးသို့ သွားရောက်လည်ပတ်စဉ်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က အီရန်ရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဒုတိယမြောက်သား မိုဂျတာဘာ ခါမေနီမို (ဘယ်ဘက်) အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဟစ်ဇ်ဘိုလာရုံးသို့ သွားရောက်လည်ပတ်စဉ်

 

ခေါင်းဆောင်သစ် ဘယ်သူဖြစ်လာနိုင်လဲ ?


အီရန်နိုင်ငံရဲ့ "Vilayat-e Faqih" (အစ္စလာမ်မစ် ဥပဒေပညာရှင်များရဲ့  အုပ်ထိန်းမှု) စနစ်အရ အမြင့်ဆုံး ခေါင်းဆောင်ဟာ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ အာဏာစက်နှစ် ရပ်လုံးရှိတဲ့ ဝါရင့်ခေါင်းဆောင်တစ်ဦး ဖြစ်ရပါမယ်။


ခါမေနီဟာ သူရဲ့အာဏာကို ရင်းနှီးတဲ့ အကြံပေးတွေကတစ်ဆင့် ကျင့်သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီအကြံပေးတွေထဲက ဘယ်နှစ်ယောက် အသက်ရှင်ကျန်ရစ်သလဲဆိုတာ မသေချာ သလို၊ ခါမေနီကိုယ်တိုင်ကလည်း သူ့ကိုဆက်ခံမယ့်သူကို လူသိရှင်ကြား အမည် စာရင်း တင်သွင်းခဲ့ခြင်း မရှိပါဘူး။

ခါမေနီနေရာကို ဆက်ခံဖို့ လက်ရှိရေပန်းစားနေတဲ့သူတွေထဲမှာ ခါမေနီရဲ့ ဒုတိယမြောက်သား၊ အသက် ၅၆ နှစ်အရွယ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ဘာသာရေးခေါင်းဆောင် ထိပ်ဆုံးက ပါပါတယ်။ သူ့ရဲ့  အားသာချက်က သူ့အဖေခါမေနီ သူရဲ့ အာဏာစက်ဝန်းမှာ အရေး ပါတဲ့ "တံခါးစောင့်" (Gatekeeper) တစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး၊ တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ အားနည်းချက်ကတော့  အစိုးရအဖွဲ့ထဲမှာ တရားဝင်ရာထူး တစ်ခါမျှ မယူဖူးခြင်းနဲ့ "မျိုးရိုးစဉ်ဆက် အုပ်ချုပ်မှု" ကို ပြည်သူတွေက လက်မခံမှာကို စိုးရိမ်ရပါတယ်။

ယခင်သမ္မတ အီဘရာဟင် ရိုင်စီ ခါမေနီရဲ့  ခေါင်းဆောင်နေရာကို ဆက်ခံရယူနိုင်တယ်လို့  ယူဆခဲ့ကြပေမယ့် ၂၀၂၄ ခုနှစ် မေလ ရဟတ်ယာဉ်ပျက်ကျမှုမှာ  ကွယ်လွန်သွားခဲ့ပါတယ်။

 

 

အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ခြေ

 

အီရန်ပြည်သူတွေအနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်နိုင်ငံသားထောင်နဲ့ ချီသတ်ဖြတ်ခဲ့တဲ့တယ်လို့ စွပ်စွဲနေကြတဲ့ အစ္စလာမ်မစ်သမ္မတနိုင်ငံ အစိုးရကို ဖြုတ်ချဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းနေပါတယ်။

အမေရိကန်သမ္မတက ခါမေနီ သေဆုံးမှုကို "အီရန်ပြည်သူတွေ သူတို့ရဲ့နိုင်ငံကို ပြန်လည်ရယူဖို့အတွက် ရရှိလာတဲ့ တစ်ခုတည်းသော အကြီးမားဆုံး အခွင့်အရေး" အဖြစ် ဒေါ်နယ်ထရမ့်က တင်စားပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူက အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)၊ စစ်တပ်နဲ့ တခြားလုံ ခြုံရေးတပ်ဖွဲ့ဝင် အတော်များများဟာလည်း "ဆက်ပြီး တိုက်ခိုက်လိုစိတ် မရှိကြတော့ဘူး" လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး မတိုင်မီက အီရန်နိုင်ငံကို "ရှား" (Shah) ဘုရင် စ ဘုရင်စနစ်နဲ့  အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၉ တော်လှန်ရေးမှာ  ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ရှားဘုရင်ရဲ့ သားဖြစ်သူ၊ လက်ရှိ အမေရိကန်မှာ  နေထိုင်နေတဲ့ ရီဇာ ပါလပ်ဗီ (Reza Pahlavi) က အီရန်နိုင်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားပါတယ်။

"(ခါမေနီ) သေဆုံးမှုနဲ့အတူ အစ္စလာမ်မစ်သမ္မတနိုင်ငံ အုပ်ချုပ်ရေးစနစ်ဟာ လက်တွေ့မှာ တော့ နိဂုံးချုပ်သွားပါပြီ။ မကြာခင်မှာ သမိုင်း အမှိုက်ပုံးထဲကို ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။"

 

ခါမေနီကို ဆက်ခံမယ့်သူ ခန့်အပ်ဖို့ ဘယ်လို ကြိုးပမ်းမှုမျိုးမဆိုဟာ "အစကတည်းက ကျရှုံးဖို့ ကံပါလာပြီးသား" ဖြစ်တယ်လို့ ပါလပ်ဗီက ထပ်လောင်းပြောကြားခဲ့ပြီး၊ အဲဒီလို ဆက်ခံသူခန့်အပ်မှုဟာ သက်တမ်းလည်း ရှည်မှာမဟုတ်သလို တရားဝင်မှုလည်း ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဆဒါ့အပြင် သူက အီရန်စစ်တပ်၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ "ပြည်သူတွေနဲ့ ပူးပေါင်းဖို့ နောက်ဆုံးအခွင့်အရေး" ကို အရယူကြဖို့လည်း တိုက်တွန်းထားပါတယ်။


ခရက်ဒစ်- SKY NEWS/ AL JAZEERA



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page