အောင်ပွဲတွေနဲ့အတူ နှစ်လကြာစစ်ဆင်ရေးကပြန်လာတဲ့ ရဲဘော်တွေကို ကြိုဆို
- BVJ
- Apr 24
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၁၈၊ ၂၀၂၅

ချင်းဒေသကာကွယ်ရေးတပ်CDF-KKG(ကလေး၊ ကဘော်၊ ဂန့်ဂေါ)က Major Operation အဖြစ် ဦးဆောင်ပြုလုပ်တဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းက စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲဘော်တွေ ပြန်လာကြချိန်မှာ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ABSDFစစ်ကြောင်း-၃က ဒီနေ့ ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
နှစ်လနီးပါးကြာမြင့်ခဲ့တဲ့ အဲ့ဒီစစ်ဆင်ရေးမှာ CANကကွပ်ကဲပြီး ABSDFတပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီ စစ်စခန်းနဲ့ ကြံသာရွာ စစ်စခန်းတွေအပါအဝင် စစ်စခန်း (၅)ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်းမှာ ABSDFက တပ်စုမှူး တစ်ဦးနဲ့ ဒုတပ်စိတ်မှူး တစ်ဦးတို့ကျဆုံးခဲ့ပြီး ရဲဘော် (၆)ဦး ဒါဏ်ရာရရှိခဲ့ကြတယ်လို့ ABSDFစစ်ကြောင်း-၃က သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့တဲ့စစ်ဆင်ရေးအတွင်းမှာ ကလေးနဲ့ဂန့်ဂေါမြို့နယ်အကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးတဲ့ ကြံသာကျေးရွာတွေကို နှစ်လအတွင်း အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ စစ်ဆင်ရေးအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တစ်ထောင်ကျော်၊ ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦနဲ့ ပြည်သူ့ နေအိမ်ပေါင်း (၆၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီဂ ကျေးရွာပေါင်း (၁၂) ရွာကျော်က ပြည်သူပေါင်း နှစ်သောင်းခန့် တိမ်းရှောင်ခဲ့ရကြောင်း၊ ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရ ပြည်သူ ၄၀ကျော် ရှိတယ်လို့ CDF-KKGကလည်း အခုလ ၁၅ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးကို CNA ၊ CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang ၊ နဂါးညီနောင် အစရှိသည် )၊ PDF Vakok, RKDF, ဟံသာဝတီ ပကဖ ၊ MCR ၊ PDF Vakok ၊ ကလေးတောင်ပိုင်းတော်လှန်ရေး အင်အားစုအဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်လို့ သိရပါတယ်။
Commentaires