top of page

သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးဖို့ RCSS တိုက်တွန်း

  • Writer: BVJ
    BVJ
  • Feb 25, 2025
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅


ဖေဖော်ဝါရီ ၇ ရက်က (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို မိုင်းပန်မြို့နယ်၊ ငြိမ်းချမ်းရေးကွင်းပြင်တွင် ပြုလုပ်ကျင်းပချိန် RCSS တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: Tai Freedom)
ဖေဖော်ဝါရီ ၇ ရက်က (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို မိုင်းပန်မြို့နယ်၊ ငြိမ်းချမ်းရေးကွင်းပြင်တွင် ပြုလုပ်ကျင်းပချိန် RCSS တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: Tai Freedom)

ငြိမ်းချမ်းရေး ရေရှည် တည်တံ့ခိုင်မဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ RCSS က တိုက်တွန်းထားပါတယ်။


စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၄ နှစ်တာကာလအတွင်း ဒေသအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေရပြီး အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းရတဲ့အကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ သဘာဝဘေးကြောင့် အခက်အခဲကြုံတွေ့နေရသူတွေကို RCSS က တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် RCSS ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် RCSS အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။




စစ်ကောင်စီနဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအပါအဝင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးနေဖို့ ကြိုးစားနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေမှုအပေါ် RCSS ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းခမ်းစံကို Burma VJ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။


ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားတဲ့ RCSS အဖွဲ့ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည်အခမ်းအနားတွေကို နှစ်စဉ်တက်ရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page