“လန်ဒန်မြို့မှာကျင်းပခဲ့တဲ့ ဒါရိုက်တာဖေမောင်စိမ်း ဂုဏ်ပြုရုပ်ရှင်ပြပွဲ”
- BVJ

- Jan 28, 2025
- 1 min read
အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပန်းမှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ ဒါရိုက်တာ ဖေမောင်စိမ်း ဂုဏ်ပြုအမှတ်တရ ရုပ်ရှင်ပြပွဲကို လန်ဒန်မြို့ မှာ ဇန်နဝါ့ရီ၂၂ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒါရိုက်တာ သည်မော်နိုင် နှင့် ဖေမောင်စိမ်းတို့ ပူးတွဲရိုက်ကူးခဲ့တဲ့ "နာဂစ်" မှတ်တမ်းရုပ်ရှင်ကို မှတ်တမ်းရုပ်ရှင်များသာပြသတဲ့ Bertha DocHouse ရုပ်ရှင်ရုံမှာ အခမဲ့ ပြသခွင့်ရခဲ့ပြီး၊ ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေအဖွဲ့၊ Stars of Myanmar Friendship အဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ကြပါတယ်။




Comments