top of page

ပုဏ္ဏားကျွန်းကအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်၊သတ်ဖြတ်အလောင်းဖျောက်ခဲ့သူ သုံးဦးကိုဖမ်းမိ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၂၇၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ရွာက အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ် မုဒိမ်းကျင့်အလောင်းဖျောက်ဖျက်ခဲ့သူ အမျိုးသားသုံးဦးကိုဖမ်းမိခဲ့ပြီလို့ အာရက္ခတပ်တော်ရဲ့ ဒီလပ်တပ်ဖွဲ့( တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန)က ဒီနေ့ ဇူလိုင် ၂၇ရက်မှာကြေညာပါတယ်။


အောင်ဆိပ်ကျေးရွာက မနှင်းနှင်းဝေဆိုတဲ့အမျိုးသမီးဟာ အခုလ ဇူလိုင် ၁၈ရက်မှာ နေအိမ်ကနေ ယိုးတရုပ်မြောင်ကိုလာရာလမ်းမှာပျောက်ဆုံးသွားတာဖြစ်ပြီး ဇူလိုင် ၂၃ရက်မှာမှ ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ကျောက်ကွင်းမှာ မုဒိမ်းကျင့်၊သတ်ဖြတ်ထားတဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။


အမျိုးသမီးအပေါ် ကျူးလွန်သူတွေကို နောက်ရက် ဇူလိုင် ၂၃ရက်မှာ ဒီလပ်ကဖမ်းမိခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေဟာ အသက် (၃၇)နှစ် မောင်တင်ဝင်း၊ (၂၉)နှစ် မောင်အေးကျော်(ခ)မောင်ပုနဲ့ (၂၁)နှစ် မောင်သန်းစိုး(ခ)ငလုံးတို့ဖြစ်ကြကြောင်းနဲ့ မောင်တင်ဝင်းဆိုသူဟာ အမျိုးသမီးနဲ့ ၂၀၂၄ထဲကသိကျွမ်းလာသူဖြစ်ပြီး သူဟာ ယိုးတရုပ်ရွာ၊ကျားလောင်ပွန်းဘုန်းကြီး‌ကျောင်းရှိ ယာယီစစ်ရှောင်စခန်းမှာနေထိုင်တဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ ဆင်အင်းကြီးရွာကလူဖြစ်တယ်လို့ ဖော်ပြပါတယ်။


သူတို့ဝန်ခံချက်အရ မောင်တင်ဝင်းဟာ အဓမ္မပြုကျင့်ဖို့ကြိုတင်ကြံရွယ်ချက်နဲ့ အမျိုးသမီးကို ဇူလိုင် ၁၈ရက်မနက် ၁၁း၃၀မိနစ်အချိန်မှာ လူမှုရေးကိစ္စအတွက်အကူအညီတောင်းစရာရှိတယ်ဆိုပြီး ခေါ်ထုတ်လာတာဖြစ်ကြောင်းနဲ့ အဲ့ဒီနောက် မောင်အေးကျော်နဲ့မောင်သန်းစိုးတို့ကိုပါ ဘေးတွဲဆိုင်ကယ်နဲ့ဝင်ခေါ်ပြီး ပုဏ္ဏားကျွန်းမြိုနယ်၊ တန်းစွယ်ရွာနား သရက်တောခြံဝင်းအတွင်းမြောင်ထဲမှာ အရင်ထဲကဝှက်ထားခဲ့တဲ့လက်ထိပ်နဲ့ အမျိုးသမီးကို လက်ထိပ်ခတ်၊ မျက်လုံးစည်းခဲ့ကြောင်း၊ ပြီးတော့အတူနေဖို့ပြောပေမယ့် အမျိုးသမီးကခွင့်မပြုတာကြောင့် ကျောက်တုံးနဲ့ထုသတ် အဓမ္မပြုကျင့်ခဲ့ပြီး အလောင်းကိုရေအိုင်ထဲဆွဲချဝှက်ထားခဲ့ကာ သူတို့သုံးဦးကတော့ပြန်လာခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုဖော်ပြပါတယ်။


ဒီလပ်ရဲ့ထုတ်ပြန်ကြေညာချက်အရ အဓမ္မပြုကျင့်၊လူသတ်အလောင်းဖျောက်သူ မောင်တင်ဝင်းဟာ အမဲသားရောင်းသူ သာမန်အရပ်သားဖြစ်ပြီး မောင်အေးကျော်နဲ့မောင်သန်းစိုးတို့နှစ်ဦးကတော့ လက်ထိပ်ခတ်၊မျက်လုံးကိုအဝတ်စည်းပေးသူတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။


လက်ရှိမှာတော့ ဖမ်းဆီးထားသူအားလုံးကိုဖမ်းဆီးထားပြီး တရားစွဲဆိုသွားမှာဖြစ်ကြောင်းနဲ့ လူသတ်မှုနဲ့မုဒိမ်းမှုတို့အတွက် ထောင်ဒဏ် နှစ် ၂၀ကနေ ဆယ်နှစ်အထိအသီးသီး ပြစ်ဒဏ်တွေချမှတ်နိုင်ကြောင်းတို့ကို ဒီလပ်ကထုတ်ပြန်ပါတယ်။


အခုလို အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်၊အဓမ္မပြုကျင့် အလောင်းဖျောက်မှုကျူးလွန်သူကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးပြီး နောက်လူတွေမလုပ်ရဲအောင်စီရင်ဖို့ဆိုပြီး ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့သလို ရခိုင်ဒေသတွင်း အမျိုးသမီးတွေနဲ့အဖွဲ့အစည်းတွေကလည်း နစ်နာသူအမျိုးသမီးအတွက် တရားမျှတမှုရဖို့နဲ့ကျူးလွန်သူတွေကိုအမြန်ဆုံးဖမ်းဆီး အပြစ်ပေးအရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page