top of page

လားရှိုးမြို့ထဲပြန်ဝင်လာတဲ့ စစ်ကောင်စီအဖွဲ့ကို လုံခြုံရေးယူပေးရတဲ့အပေါ် UWSA ငြင်းဆို

  • Writer: Zayar Oo
    Zayar Oo
  • Apr 24
  • 1 min read

BVJ/မိုနာ _ ဧပြီ ၁၈၊ ၂၀၂၅

ဓါတ်ပုံ-၂၀၂၅၊ ဧပြီ ၃ရက်က UWSA - တောင်ပိုင်း (၁၇၁)၊ တပ်မဟာ (၇၇၈) မှ ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပနေပုံ။
ဓါတ်ပုံ-၂၀၂၅၊ ဧပြီ ၃ရက်က UWSA - တောင်ပိုင်း (၁၇၁)၊ တပ်မဟာ (၇၇၈) မှ ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပနေပုံ။

လားရှိုးမြို့ထဲ ပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSAနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAAတို့ ပူးပေါင်းပြီး လုံခြုံရေးယူပေးနေတဲ့အပေါ် UWSAပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ငြင်းဆိုလာပါတယ်။


လားရှိုးမြို့ထဲပြန်ဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဧပြီ ၆ရက်ထဲကစတင်ကာ UWSA နဲ့MNDAAက ရှေ့ပြေးလုံခြုံရေးယူပေးနေရတာဖြစ်ပြီး ဌာနဆိုင်ရာတွေလည်း အပြောင်းအရွှေ့လုပ်မှာဖြစ်တာကြောင့် လုံခြုံရေးအရ လမ်းကြောင်းအချို့ ပိတ်ထားတယ်လို့ “ဝ”သတင်းက ဒီနေ့ နေ့လယ်မှာ ဖော်ပြလာတာပါ။


စစ်ကောင်စီအဖွဲ့ကို လုံခြုံရေးယူပေးရတာနဲ့ပတ်သက်ပြီး UWSAပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကို Burma VJက ဆက်သွယ်မေးမြန်းရာမှာ မကြားမိကြောင်း ပြောပါတယ်။


ဒါ့အပြင် “မိမိတို့ UWSA"ဝ"တပ်ဖွဲ့အနေဖြင့် မည်သည့်အဖွဲ့ကိုမှ လုံခြုံရေးလုပ်ပေးမှုမျိုး မရှိခဲ့ပါ”လို့ လည်း ဦးညီရန်းက သူ့ရဲ့လူမှုကွန်ရက်(Facebook)မှာ ဒီနေ့ညပိုင်းက အသိပေးရေးလာပါတယ်။


“ဝ”သတင်းရဲ့ဖော်ပြချက်မှာတော့ MNDAAဟာ လားရှိုးမြို့ပြင်ဖြစ်တဲ့ မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ်နဲ့ မိုင်းရယ်-ဟိုယ၊ နမ့်ပေါင် တို့မှာ ပုံမှန်အတိုင်းစခန်းထိုင်မှာဖြစ်သလို အဲ့ဒီနေရာကနေထပ်ပြီး ဆုတ်ခွာသွားဖို့မရှိကြောင်းနဲ့ စစ်ကောင်စီတပ်ကို ဘေးပတ်ပတ်လည် ဝိုင်းရံကာကွယ်ပေးမဲ့ပုံစံမျိုးနဲ့ အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


လားရှိုးမြို့ကို ကိုးကန့်တပ်မတော် - MNDAA က ၁၀၂၇စစ်ဆင်ရေးအတွင်း ၂၀၂၄၊ သြဂုတ်လထဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းအုပ်ချုပ်ရေးလည်ပတ်ခဲ့ပါတယ်။


လက်ရှိမှာတော့ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုတွေနဲ့ဖိအားကြောင့် လားရှိုးမြို့တွင်းကို စစ်ကောင်စီက ပြန်အုပ်ချုပ်သွားမှာဖြစ်ပြီး အခုလ ၂၁ရက်မှာ ‌MNDAAက နောက်ဆုံးထား ဆုတ်ခွာရမယ်လို့ သတင်းတွေထွက်ပေါ် နေတာပါ။


ဒါပေမယ့် လားရှိုးမြို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရော MNDAAဘက်ကပါ တရားဝင်ထုတ်ပြန် ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page