top of page

လေယာဉ်ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် တာယာပွင့်ထွက်မီးစွဲလောင်ခဲ့တယ်လို့ MNA ထုတ်ပြန်

  • Writer: BVJ
    BVJ
  • May 7
  • 1 min read

BVJ/ထက်အောင် _ မေ ၇ ၊ ၂၀၂၅


ree

မန္တလေးကနေ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်တစ်စင်း ပြေးလမ်းပေါ်မှာ ပျံတက်ဖို့လုပ်ဆောင်ချိန် ဘရိတ်စနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး တာယာပွင့်ထွက် မီးစွဲလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ဒီနေ့ မေလ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။


မနေ့ မေလ ၆ ရက် ည ၆ နာရီ ၃၅ မိနစ်ဝန်းကျင်က ခရီးသည် ၁၄၃ ဦး လိုက်ပါလာတဲ့ MNA လေကြောင်းလိုင်းက Boeing XY-ALV လေယာဉ်ဟာ ပျံတက်ဖို့လုပ်ဆောင်နေချိန် လေယာဉ်ပြေးလမ်းပေါ်မှာ ဘရိတ်စနစ် ချို့ယွင်းကာ အပူချိန်မြင့်တက်ခဲ့ပြီး လေယာဉ်ဘယ်ဘက်ဘီးတာယာ ပွင့်ထွက်လွင့်စင်ကာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


လေယာဉ်ဘီးတာယာ ပွင့်ထွက်မီးလောင်ကျွမ်းချိန် လေယာဉ်ကို ပြေးလမ်းပေါ် ရပ်တန့်နိုင်ခဲ့ကာ လေဆိပ်မှာရှိတဲ့ Fire fighting Service က လာရောက်မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် လေယာဉ်ပေါ်မှာ ခရီးသည်တွေကို နားနေဆောင် ရွှေ့ပြောင်းနိုင်ခဲ့ပြီး အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးကာ ရန်ကုန်မြို့ကို ဆက်လက်ပို့ပေးနိုင်ခဲ့တယ်လို့ MNA က ထုတ်ပြန်ထားပါတယ်။


လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရီးစဉ်မှာလိုက်ပါတဲ့ ခရီးသည်အားလုံးကို တောင်းပန်ကြောင်းနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပြီဖြစ်တယ်လို့ MNA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လေယာဉ်မတော်တဆမှုဖြစ်ပွားချိန် လေယာဉ်ပေါ်ပါ ခရီးသည်တွေရဲ့ ဘေးအန္တရာယ်လုံခြုံရေးအတွက် ချက်ချင်းနေရာရွှေ့ပြောင်းမှု မလုပ်ဆောင်ခဲ့တာကြောင့် MNA လေကြောင်းလိုင်း လေယာဉ်ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page