top of page

“လူထုတော်လှန်ရေးမှတပါး၊ အခြားမရှိ”

  • Writer: BVJ
    BVJ
  • 1 day ago
  • 2 min read

လင်းယုန်နက်


အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို  ဖေဖော်ဝါရီ၅ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် "ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖေဖော်ဝါရီ၅ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် "ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့" ပေးအပ်ခဲ့ပါတယ်။


ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ပါရဂူ ပုဂ္ဂိုလ်ကြီး မအိပ်မနေ သုံးသပ်ပြီး ရလာတဲ့ မဟာစီမံချက်က ‘စုံ’ နေ့မှာ ‘စုံ’ကားတွေထွက်၊ ‘မ’ နေ့မှာ ‘မ’ ကားတွေပဲ လမ်းပေါ်တတ်။ ဒီထက်ကောင်းအောင် မတွေးတတ်တော့ဘူးလား။


ကားရှိတဲ့အိမ်အများစုမှာ တစ်စီးပဲရှိကြတာပါ။ အဖေရဲ့အလုပ်ကိစ္စလည်း ဒီကား၊ အမေရဲ့စျေး ဝယ်တာ လို အိမ်မှုကိစ္စတွေလည်း ဒီကား၊ သားသမီးတွေရဲ့ ကျောင်းပို့ကျောင်းကြိုတာကလည်း ဒီကား၊ ဘယ်လို လုပ် ‘စုံ’  ‘မ’ ရက်‌ရွေးပြီးမှ ကားသုံးလို့ ဖြစ်နိုင်မှာလဲ။ ဖြစ်ညှစ်စုဆောင်း ဝယ်ထားရတဲ့ ကိုယ့်ကား ကို တောင် သုံးချင်တဲ့ရက်၊ သုံးကိုသုံးရမယ့်ရက်မှာ ဘာလို့သုံးခွင့်မရတာလဲ။ လုပ်ငန်းခွင်သုံးကားဆိုရင် သက်ဆိုင်ရာ  ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်ပြရမယ်တဲ့။ အလုပ်ပိုတွေ အလုပ်ပိုတွေ။ ပြည်သူတွေရဲ့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေကို ဖြုန်းတီးနေတာလေ။

 

နေထိုင်မကောင်း  ဖြစ်ရတာ ဘယ်သူမှမဖြစ်ချင်ပါဘူး။ ‘စုံ’ ‘မ’ ရက်ရွေးပြီး ဘယ်လိုလုပ် နေထိုင် မကောင်း ဖြစ်လို့ရမှာလဲ။ ဆရာဝန်တွေကလည်း ‘စုံ’ နေ့မှ လူနာကြည့်မယ်၊ ‘မ’ နေ့မှ လူနာကုမယ် ဘယ်လိုလုပ် ရွေးချယ်နိုင်မှာလဲ။ ကျောင်းတက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေကလည်း ဘယ်လို လုပ် ‘စုံ’ ရက်မှပဲ ကျောင်းတက်မယ်၊ ‘မ’ ရက်မှာ ကျောင်းမတက်ဘူး လုပ်လို့ ဖြစ်နိုင်မှာလဲ။ ဆရာ/မ တွေလည်း ဒီလိုပဲလေ။ အင်ဂျင်နီယာတွေလည်း ဒီလိုပဲလေ။ ကုမ္ပဏီစီမံခန့်ခွဲ ရေးတာဝန်ခံ တွေလည်း ဒီလိုပဲလေ။ ‘စုံ’ ရက်မှာ ‘စုံ’ ကားတွေပဲမောင်း၊ ‘မ’ရက်မှာ ‘မ’  ကားတွေပဲ လမ်းပေါ်တက် ဆိုတဲ့ အမိန့်က နေ့စဉ်ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် တကယ်ဝန်ထုပ်ဝန်ပိုးဆိုတာက စဉ်းစားကြည့် စရာတောင် လိုတဲ့ကိစ္စမဟုတ်ပါဘူး။


မတ်လ ၇ ရက်နေ့ကစတင်ပြီး စစ်အုပ်စုက ‘’စုံ”ရက်မှာ ‘’စုံ”နံပတ်ပါတဲ့  အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်ဖို့ ထို့အတူ ‘’မ”ရက်မှာ  ‘’မ”နံပတ်ပါတဲ့  အက္ခရာယာဉ်များ (ဥပမာ 1A/3A) သာ မောင်းနှင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ကစတင်ပြီး စစ်အုပ်စုက ‘’စုံ”ရက်မှာ ‘’စုံ”နံပတ်ပါတဲ့ အက္ခရာယာဉ်များ (ဥပမာ 2A / 4A) စသည်တို့ အသုံးပြုမောင်းနှင်ဖို့ ထို့အတူ ‘’မ”ရက်မှာ ‘’မ”နံပတ်ပါတဲ့ အက္ခရာယာဉ်များ (ဥပမာ 1A/3A) သာ မောင်းနှင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

 

နေ့စဉ်ရုန်းကန်နေရတဲ့ ပြည်သူတွေကို စာနာတတ်တယ်ဆိုရင် လုပ်စရာနည်းလမ်းတွေက အများကြီး ပါ။ ‘စုံ’ရက်မှာ ‘စုံ’ ကားတွေကိုပဲ ဒီဇယ် ဓာတ်ဆီရောင်း၊ ‘မ’ရက်မှာ ‘မ’ ကားတွေကိုပဲ ဝယ်ခွင့်ပြုလို့  ရတာပါပဲ။ ကားတစ်စီးကို တစ်ရက်ဘယ်လောက်ပဲ ရောင်းမယ်ဆိုတာ သက်မှတ်။ ‘ဆီ’ ဆိုင်တွေမှာ ဆီစာအုပ်တွေ ကြိုဖြန့်ပြီး ရောင်းလိုက်တဲ့ ကားနံပါတ်၊ သက်ဆိုင်ရာ ဆီဆိုင် တံဆိပ်တုံးနဲ့ ဘယ်နေ့မှာ ဘယ်လောက်ရောင်းပြီးကြောင်း ရေးသွင်းတာ လုပ်လို့ရတာပါပဲ။ ရုန်းကန်နေရတဲ့ ပြည်သူတွေအပေါ် စာနာလေးစားမှုနဲ့ စဉ်းစားလိုက်ရင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီအမိန့်က ပြည်သူတွေအပေါ် စာနာနားလည်မှုမထားလို့ ထွက်လာတာပါ။ ရှင်းရှင်းပြောရရင် ‘ဟေ့ ငါတို့ထုတ်ချင်တဲ့ အမိန့် ထုတ် မယ်’ ဆိုပြီး ဘောင်းဘီဇစ် ဆွဲ ‘ဖြဲ’ ပြလိုက်တာပါပဲ။ စော်ကားလိုက်တာပါပဲ။ အနိုင်ကျင့်လိုက်တာပါပဲ။

 

မအလစစ်အုပ်စုက စက်သုံးဆီကိစ္စမှာမှ ပြည်သူလူထုကို စော်ကားတာမဟုတ်ပါဘူး။ အာဏာသိမ်း ပြီးကတည်းက ပြည်သူလူထုကို စော်ကားဖိနှိပ်နေတာပါပဲ။ အစောပိုင်းကိစ္စတွေ ပြောမနေတော့ပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဘယ်ရွေ့ဘယ်မျှထက် ပိုမထုတ်ရတဲ့ ကိစ္စလဲရှိခဲ့ပါတယ်။ လူထုက ဘဏ်မှာ ငွေအပ်တယ်ဆိုတာက လုံခြုံအောင်၊ အတိုးရအောင်၊ ကိုယ်လိုချင်တဲ့အချိန် လိုသလိုထုတ်လို့ရအောင်၊ အခုတော့ လူထုမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဆင်းရဲရတယ်။ တိုင်းပြည်မှာ ငွေကြေးလည်ပတ် စီးဆင်းမှု ပုံမှန်ဖြစ်အောင် လုပ်ရမှာက အာဏာကိုမတရားသိမ်းထားတဲ့ စစ်အုပ်စု တာဝန်ယူရမှာလေ။ ဘာလို့ မဆီမဆိုင် ပြည်သူတွေရဲ့ပိုက်ဆံကို ကြောင်တောင်နှိုက်ရတာလဲ။


စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက်ကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ မအလ စစ်အုပ်စုက ဖမ်းဆီး  အမှုဖွင့် အရေးယူထားပါတယ်။
စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက်ကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ မအလ စစ်အုပ်စုက ဖမ်းဆီး အမှုဖွင့် အရေးယူထားပါတယ်။

ရွှေစျေးမတက်စေချင်ရင် စီးပွားရေးစီမံခန့်ခွဲမှုအစွမ်းနဲ့ လုပ်ပြလိုက်လေ။ ရွှေလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတွေကို ဖမ်းလိုက်တာက သူတို့ရဲ့ညံ့ဖျင်းမှုကို ဖုံးလို့ရလိုရငြား “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလိုက်တာလေ။ ဘယ်လိုလုပ်ရမှာလဲ။ ရွှေဈေးက တက်မြဲတက်နေတာပဲလေ။ စက်သုံး ဆီလုပ်ငန်းရှင် တွေကို ဖမ်းလည်း ဒီလိုပါပဲ၊ ဈေးနှုန်းဆိုတာက ‘ရောင်းအား’ ၊ ‘ဝယ်အား’ ပေါ်မူတည်ပြီး အတက်အကျ ဖြစ်မှာပဲလေ။ ဒီလောက်လေးတောင် နားမလည်ဘဲ အာဏာမတရားသိမ်းရဲတာက အံ့ဩလို့ ကုန်နိုင် ဖွယ်မရှိ။ ဒီအာဏာလောဘက တိုင်းပြည်နဲ့ လူထုကို ချနင်းနေလိုက်တာများ ရင်နဲ့မဆန့်အောင် ကြေကွဲစရာပါ။


 

မကြာခင် ပြဿနာတက်မယ့် ကိစ္စတစ်ခု ရှိနေပါသေးတယ်။ တိုင်းပြည်ထဲမှာ ရောင်းနေတဲ့ဖုန်းတွေက အခွန်ဆောင်ထားသလား၊ မဆောင်ထားဘူးလား ဆိုတာက မတရား အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ တာဝန်ပါ။ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေရတဲ့ ပြည်သူတွေက ကိုယ်ဝယ်မယ့်ဖုန်းက အခွန်ဆောင် ထား လား မဆောင်ထားဘူးလားဆိုတာ ဘယ်လိုလုပ် စစ်ဆေးနေနိုင်မှာလဲ။ ကိုယ့်တာဝန်ကိုယ် ယူနိုင် စွမ်း မရှိတဲ့ စစ်အုပ်စုက ‘ဟေ့ ဘာတွေညာတွေ လာပြောမနေနဲ့၊ မင်းတို့သုံးနေတဲ့ဖုန်းတွေ အခွန်မ ဆောင်ထားဘူးဆိုရင် ဧပြီလ (၁) ရက်နေ့က စပြီး သုံးမရအောင်လုပ်မယ်’  လို့ ခြိမ်းခြောက် နေပြန်ပါပြီ။

 

‘စုံ’ ‘မ’ အမိန့် အသက်ဝင်တဲ့ မတ်လ (၇) ရက်နေ့မှာလည်း ယာဉ်ထိန်းရဲတွေနဲ့ အာဏာရှိ ပုဂ္ဂိုလ် ဆိုတဲ့သူတွေ ပျော်ပျော်ကြီး “ပွဲ” ခံနေကြတာပေါ့။ ပညာပေးကာလဆိုပေမယ့် မလိုချင်ဘူး “လာထားငါးသောင်း” “လာထားနှစ်သောင်း” ဒီလို ဥပဒေမဲ့ သောင်းကျန်းနေတဲ့ကိစ္စတွေအတွက် စစ်အုပ်စု ဘာတာဝန်ယူသလဲ။ ဘာတာဝန်မှယူဖို့ မစဉ်းစားဘူး။ လူထုဒုက္ခရောက်တာ သူတို့စိတ် မဝင်စားဘူး။ ဒီကောင်တွေ “ဂွင်တည့်” သွားရင် ငါတို့ခိုင်းလို့ ကောင်းတာပေါ့လို့ပဲ တွေးနေတာလေ။


 

ဒီအတွေးအခေါ်၊ ဒီအရည်အချင်းနဲ့ တိုင်းပြည်အတွက်၊ လူထုအတွက် ဘာလုပ်ပေးနိုင်မှာလဲ။ တိုင်းပြည် ကစုတ်ပြတ်သတ်ပြီး စားဝတ်နေရေး ဖိစီးမှုအောက်မှာ ပြည်သူတွေ မချိမဆန့် ရုန်းကန်နေကြရတာကို မြင်နေပါရက်နဲ့ မအလက သူတာဝန်ယူခဲ့တဲ့ ငါးနှစ်အတွင်း တိုးတက်မှုတွေ ဖန်တီးနိုင်ခဲ့တယ်တဲ့။ ပြောရဲလိုက်တာ၊ အေးလေ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်ပြီး လုပ်တတ်တာ ဘာမှမရှိတဲ့ ပုဂ္ဂိုလ်ပဲလေ ဒီလောက်တော့ရှိမှာပေါ့။

 

တိုးတတ်တယ်တဲ့လား။  ကိုယ်သုံးနေကျ သွားတိုက်ဆေး သွားတိုက်တံလို ပစ္စည်းမျိုးတောင် ကိုယ်သုံးနေကျတံဆိပ် ဝယ်မရ။ စျေးတွေကသာ တစ်နေ့တခြား ကြီးကြီးလာသလို City Mart လိုနေရာမျိုးမှာတောင် ရောင်းနေတဲ့ပစ္စည်းတွေ ပါးပါးလာတာကို ရင်ဆိုင်နေရတဲ့ဘဝ။ ဒီနေ့ ဒီဆေးဝယ်ရပေမယ့် နောက်နေ့ဝယ်လို့မရတဲ့ဘဝ။ ခွဲစိတ်ခန်းသုံးမေ့ဆေးလို အရေးကြီးဆေး ဝါးမျိုးတောင် သုံးနေကျမရလို့ ဈေးကွက်ထဲမှာရရာ မေ့ဆေးကို ‘ဘုရားဆေး၊ တရားဆေး’ ဆိုပြီး ဘုရား ‘တ’ သုံးနေရတဲ့ဘဝ။ နိုင်ငံခြားပစ္စည်းတွေ သုံးမရလို့ ပြည်တွင်းထွက်ကုန်ရှိသလားဆိုတော့လည်း ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်ထုတ်မပေးတော့ ဘယ်လိုလုပ်ရှိမှာလဲ။ သွင်းကုန်လိုင်စင်ကလည်း ဘယ်လိုလုပ် ထုတ်ပေးရဲမှာလဲ။ ထုတ်ပေးလိုက်တာနဲ့ အနည်းဆုံး တစ်ဒေါ်လာ ရှစ်ထောင်ကျပ် ချက်ချင်းဖြစ်သွားမှာလေ။

 

 မအလစစ်အုပ်စုက ခပ်ပြတ်ပြတ်ပဲ “ပြည်သူတွေ ဘယ်လိုဒုက္ခရောက်ရောက် PDF တွေရဲ့ ဝင်ငွေလမ်း ကြောင်း ပိတ်ဆို့နိုင်ဖို့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားမှာပဲ တဲ့။ တိုင်းပြည်အတွက် လူငယ် တွေက အရေးကြီးတယ်တဲ့။ မအလက ပြောတာလေ။ ဟုတ်မှာပေါ့လေ။ သူ့အာဏာတည်မြဲဖို့ လူငယ်တွေကို မတရားဖမ်းပြီး သေတွင်းထဲပို့တာ မြင်မကောင်းတော့ဘူး။

 

အဖြေကတော့ ရှင်းနေပါပြီ။ မအလစစ်အုပ်စု အာဏာတည်မြဲနေသရွေ့ လူထုအတွက် အနာဂတ် မျှော်လင့်ချက်ဆိုတာ မရှိပါဘူး။ တိုင်းပြည်တိုးတက်ဖို့ဆိုတာကလည်း ‘NO’ ပါပဲ။ လူထု တစ်ရပ်လုံး အနေနဲ့ ကိုယ့်မူလ သန္နိဌာန်ကို ခိုင်သထက်ခိုင်အောင် ဆုပ်ကိုင်ပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရနိုင်သမျှ နည်းလမ်းတွေရှာပြီး တစ်နိုင်တစ်ပိုင် ပါဝင်ကြဖို့ လိုအပ်နေပါပြီ။ အနည်းဆုံး ကိုယ့်ပတ် ဝန်းကျင်မှာ ကိုယ်ယုံကြည်ရတဲ့ လူတွေကြားထဲမှာ မအလစစ်အုပ်စုရဲ့ ‘မတရားမှုတွေ၊ ညံ့ဖျင်းမှု’ တွေကို မျှဝေပြီး လူထုတော်လှန်ရေးကြီးအတွက် ပြင်ဆင်ကြပါ။

 

 ‘အာဏာရှင်စနစ်ကျဆုံးရမယ်’ ‘ဖယ်ဒရယ်ဒီမိုကရေစီနိုင်‌ငံ‌တော်‌သစ်ထူထောင်ရမယ်’

 

လင်းယုန်နက် 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page