top of page

လောင်းလုံမြို့ပေါ် ပျူစောထီးခေါင်းဆောင်ကား တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • May 1
  • 1 min read

BVJ/ဇော် - မေ ၁ ၊ ၂၀၂၅


ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ
ဓာတ်ပုံ - လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့မှာ ပျူစောထီးခေါင်းဆောင်ရဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးတယ်လို့ လောင်းလုံကျွန်းဆွယ်တပ်ဖွဲ့ Launglone Peninsula Force – LPF က မနေ့က ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ဧပြီ ၂၈ ရက် နေ့လယ် တစ်နာရီခွဲဝန်းကျင်မှာ လောင်းလုံမြို့ပေါ်ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးခေါင်းဆောင် ဦးမင်းသိန်းရဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ လောင်းလုံကျွန်းဆွယ်တပ်ဖွဲ့ဆီက သိရပါတယ်။


“သေတဲ့ပျူစောထီးက မင်းသိန်းတော့မဟုတ်ဘူး။ သူ့တပည့်ပါ။ ပျူစောထီး မနုသိန်းရဲ့သားပါ။ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်က Vigo ၃ စီးအပြည့် စစ်ကူအင်အားလာလို့ ပြန်ဆုတ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေခဲ့ပါတယ်။ လက်နက်သိမ်းဆည်းရရှိမှုတော့မရှိပါဘူး” လို့ LPF ရဲ့ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။


အခုတိုက်ခိုက်မှုကို လောင်းလုံကျွန်းဆွယ်တပ်ဖွဲ့နဲ့အတူ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF) ၊လောင်းလုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒို့လိပ်ပြာတပ်စုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် တနိုင်ငံလုံးစစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့စစ်ရေးသတိပြုသွားလာကြဖို့ကိုလည်း LPF က တိုက်တွန်းထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page