top of page

ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ/ထက်အောင် _ မေ ၁၃ ၊ ၂၀၂၅



ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


ဒီနေ့ မေလ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က ထွန်းရဝေရွာဟောင်းနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။


ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေပြီး ၅ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်း သိရပါတယ်။


ရသေ့တောင်မြို့နယ် ထွန်းရဝေရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


ဒါ့အပြင် ဒီနေ့မနက်အစောပိုင်း ၄ နာရီဝန်းကျင်ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာဟောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လိပ်ခမော်ရွာဘုန်းကြီးကျောင်း ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


Photo: Arakan ArmyArakan@Princess Media

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page