top of page

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေါနစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိ

  • Writer: BVJ
    BVJ
  • May 6
  • 1 min read

BVJ/ထက်အောင် _ မေ ၆ ၊ ၂၀၂၅


Photo: Kanbauk Defense Force (ပုံဟောင်း)
Photo: Kanbauk Defense Force (ပုံဟောင်း)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နတ်ကြီးစင်ကျေးရွာအုပ်စု စိန်ဘုံရွာအနီးမှာ ဒေါနစစ်ကြောင်း ၃ နဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သလို ဒေါနစစ်ကြောင်း ၃ ဘက်က တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


အခု မေလ ၁ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ရေဖြူမြို့နယ် စိန်ဘုံရွာအနီးမှာ ဒေါနစစ်ကြောင်း ၃ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချိန် ရေဖြူအခြေစိုက် စစ်ကောင်စီရေတပ်၊ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းနဲ့ ပျူစောထီးတို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Kanbauk Defense Force တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။


အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဒေါနစစ်ကြောင်း ၃ က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သလို ဒေါနစစ်ကြောင်း ၃ အဖွဲ့က 16-KR အရှည် ၁ လက်၊ ပစ္စတို ၁လက်နဲ့ ကျည်ဘောက် ၂ ခု ဆုံရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။


ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အရပ်သားပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ခရီးသွားပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထိတွေ့မှုဖြစ်ပွားအပြီး ဘုရားသုံးဆူကျေးရွာ၊ စိန်ဘုံကျေးရွာနဲ့ နတ်ကြီးစင်ကျေးရွာဝန်းကျင်တို့မှာ စစ်ရေးတင်းမာမှုရှိနေတာကြောင့် ဒေသခံပြည်သူတွေ အထူးဂရုပြုသွားလာဖို့နဲ့ ရှောင်ကြဉ်သွားလာဖို့ကိုလည်း Kanbauk Defense Force က အသိပေးထုတ်ပြန်ထားပါသေးတယ်။

コメント


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page