top of page

မြောင်နယ်၊ဓမ္မာရုံတရားပွဲကိုလေကြောင်းဗုံးကြဲတာကြောင့် ၁၂ ယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေ

  • Writer: BVJ
    BVJ
  • Aug 21
  • 1 min read

မိုနာ/BVJ_သြဂုတ် ၂၁၊ ၂၀၂၆

သြဂုတ် ၁၉ရက်က မြောင်မြို့နယ်၊လှေတင်ဦးကျေးရွာကို စစ်အုပ်စုဗုံးကြဲမှုအတွင်းသေဆုံးခဲ့ရတဲ့ မသဲနုဝင်း(ဓါတ်ပုံ-ကိုနွေဦး-မြောင်)
သြဂုတ် ၁၉ရက်က မြောင်မြို့နယ်၊လှေတင်ဦးကျေးရွာကို စစ်အုပ်စုဗုံးကြဲမှုအတွင်းသေဆုံးခဲ့ရတဲ့ မသဲနုဝင်း(ဓါတ်ပုံ-ကိုနွေဦး-မြောင်)

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)ကို ဒီနေ့ သြဂုတ် ၂၁ရက်မနက်ပိုင်းမှာ စစ်အုပ်စုဘက်ကလေယာဉ်နဲ့ဗုးကြဲချခဲ့တာကြောင့် ဆရာတော်အပါအဝင် သေဆုံးသူ ၁၂ယောက်ကျော်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။


ဒီနေ့ဟာ ဥပုသ်နေ့ဖြစ်တာကြောင့် ဆရာတော်နဲ့အတူ ‌ရွာသူ/ရွာသားတွေတရားနာယူနေချိန် မနက်၉နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့်သေဆုံးသူများပြားခဲ့တယ်လို့ သိရပါတယ်။


"တံတားဦးဘက်ကတက်လာတဲ့လေယာဉ်နဲ့ နှစ်ကြိမ်ကြဲခဲ့တာ။လက်ရှိထိတော့ သေဆုံးသူက ၁၂ယောက်ရှိနေပြီ။ ဒဏ်ရာရသူတွေလည်းများတယ်။ အပျက်အဆီးပုံထဲမှာပိနေတဲ့သူတွေလည်းရှိသေးတယ်။ အဲ့ထဲမှာမှ ဒဏ်ရာတော်တော်ပြင်းတဲ့သူတွေလည်းရှိသေးတယ်"လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံက Burma VJကိုပြောပါတယ်။

စစ်အုပ်စုဟာ ဩဂုတ် ၁၉ရက်၊ည ၇ နာရီဝန်းကျင်ကလည်း မြောင်မြို့နယ်၊လှေတင်ဦးကျေးရွာကို လေကြောင်းကနေသုံးကြိမ်တိုင်ဗုံးကြဲခဲ့တာကြောင့် နှစ်ယောက်သေဆုံးပြီး ထိခိုက်သူ အယောက် ၂၀ ခန့်ရှိခဲ့ပါသေးတယ်။

သေဆုံးသူနှစ်ဦးထဲက တစ်ဦးဟာ CDSOM တပ်ဖွဲ့၊မြောင်အမျိုးသမီးစစ်သည်တော်- M2Wအဖွဲ့ရဲ့ မိုင်းထုတ်လုပ်ရေး၊ မိုင်းတပ်ဆင်ရေးပိုင်းတွေမှာ ဦးဆောင်ပါဝင်ခဲ့ဖူးတဲ့ မသဲနုဝင်းဖြစ်ပြီး မကျဆုံးမီအချိန်ထိ မြောင်ပညာရေးကွန်ရက်-MENမှာ စေတနာ့ဝန်ထမ်းအဖြစ်စာသင်ပေးခဲ့တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့ မြောင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင် ကိုနွေဦးကသူ့ရဲ့လူမှုကွန်ရက်မှာ သြဂုတ် ၂၀ရက်က ရေးထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page