ရေး-ထားဝယ်အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်က ဟားလီးကွေ့တပ်စခန်းကို ပူးပေါင်းတပ်တွေသိမ်း
- BVJ

- Apr 30
- 1 min read
စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ၁၆ဦး ဖမ်းမိလာ
BVJ/ယူဂရင်း_ ဧပြီ ၂၈၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရေး-ထားဝယ်အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၂၆ရက်မှာ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ဒီနေ့မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘကက် ဗိုလ်ကြီး (၁) ဦးသေဆုံးကာ (၁၆) ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 (၉) လက်၊ MA2 (၁) လက်၊ MA3 (၆) လက်၊ MA4 (၁) လက်၊ MA11 (၁) လက်၊ BA 100 (၁) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ရဲ့ ဒူရကစစ်ကြောင်းဉီးဆောင်မှုနဲ့ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇)-(LPF)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(YPPDF)၊ KNUတပ်မဟာ(၄)တပ်ရင်း(၁၂)တပ်ခွဲ(၅)၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force(DGRF)၊ Tavoy People Liberation Force(TPLF)၊ Sky Ghost Drone Force(SGDF)၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူကာကွယ်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊လေယာဉ်တွေနဲ့ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။







Comments