top of page

ဆွေမျိုး၊မိသားစုဝင်တွေ တရုံးထဲရာထူးကြီးယူတာတွေမဖြစ်စေဖို့ NUGအနေနဲ့ Anti-nepotismမူဝါဒကျင့်သုံးဖို့ CDMအဖွဲ့အစည်းတောင်းဆို

  • Writer: BVJ
    BVJ
  • Mar 3
  • 1 min read

မိုနာ/BVJ_မတ် ၃၊ ၂၀၂၆

ဓါတ်ပုံ-MPA
ဓါတ်ပုံ-MPA

ဆွေမျိုးသားချင်း၊ မိသားစုဝင်တွေကို တရုံးထဲမှာရာထူးကြီးကြီးယူထားခြင်းတွေ မဖြစ်ပေါ်စေဖို့ Anti-nepotismမူဝါဒကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGတစုံလုံးအတွက် ချမှတ်ကျင့်သုံးသွားဖို့အပါအဝင် NUGပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လွတ်လပ်သောCDMနိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းက အခု မတ်လ ၁ရက်မှာ တိုက်တွန်းလိုက်ပါတယ်။


လွတ်လပ်သောCDMနိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းအနေနဲ့ NUGဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၉ရက်က တိုက်တွန်းတောင်းဆိုချက် ၃ချက်ကိုထုတ်ပြန်ခဲ့ကြောင်းနဲ့ အဲ့ဒီတောင်းဆိုချက်တွေထဲက ပထမအချက်နဲ့ဒုတိယအချက်တွေအတိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာနဲ့တကွ သတင်းစာရှင်းလင်းပွဲတခုကို NUGကအမြန်ဆုံးပြုလုပ်ပေးခဲ့အတွက် ဝမ်းသာစွာကြိုဆိုကြောင်းနဲ့ ဒါကြောင့် လွတ်လပ်သောCDMနိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းရဲ့ (၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆက်လက်စောင့်ကြည့်တိုက်တွန်းသွားမှာဖြစ်သလို လိုအပ်တဲ့အခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်လာတာပါ။


လွတ်လပ်သောCDMနိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းက ဆက်လက်စောင့်ကြည့် တိုက်တွန်းသွားမယ့်အချက်တွေထဲမှာ NUGပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အခုဖြစ်စဉ်ကို ဥပမာယူပြီး နိုင်ငံရေးအရ၊ညီညွတ်ရေးအရ မြင်သာတဲ့‌ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့၊ အစိုးရတရပ်တာဝန်ရှိတဲ့အတိုင်း အခုဖြစ်စဉ်အပါအဝင် အလားတူဖြစ်စဉ်တွေမှာနစ်နာသူတွေအတွက် တရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအပိုဒ်(၉)ပါ သုံးသပ်အကြံပြုချက်များအရ ရှေ့လုပ်ငန်းစဉ်တွေပါဝင်ပါတယ်။


အဲ့ဒီထဲမှာ NUGဝန်ကြီးဌာနတွေမှာ အုပ်ချုပ်ရေးခေါင်းဆောင်တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ မူဝါဒနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေအပေါ် အားစိုက်လုပ်ဆောင်နိုင်ဖို့အတွက် ဝန်ထမ်းနဲ့ငွေကြေးစီမံခန့်ခွဲမှုပိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ဝန်ထမ်းတွေခန့်အပ်ပြီး သေချာတိကျတဲ့လုပ်ငန်းလမ်းညွှန်တွေ ချမှတ်ဆောင်ရွက်ဖို့၊ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနအကြီးအကဲတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ အလုပ်ဒဏ်ပိခြင်း၊ အနားယူရချိန်မရတာတွေ မဖြစ်စေဖို့ အလုပ်ခွဲဝေလုပ်ကိုင်ရေး၊ ချီးမြှင့်ငွေထိုက်သင့်သလောက် ချီးမြှင့်နိုင်ရေး၊ တော်လှန်ရေးအစိုးရရဲ့လုပ်ငန်းတွေ ထိရောက်စွာလုပ်ဆောင်နိုင်ဖို့နဲ့ စီမံခန့်ခွဲမှုပဋိပက္ခတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက် အိမ်နဲ့ရုံးကိုသီးခြားခွဲခြားထားဖို့၊ အဂတိလိုက်စားမှုကင်းလွတ်ကျဆင်းရေးအတွက် သမ္မတရုံး၊ ဝန်ကြီးချုပ်ရုံးအပါအဝင် NUGလက်အောက်က ဝန်ကြီးဌာနတွေ၊မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဌာနတွင်းပုံမှန် စာရင်းစစ်ခြင်း၊ ဘဏ်အကောင့်တွေကို SDPဘဏ်မှာရုံးပိုင်၊အဖွဲ့အစည်းပိုင် ငွေစာရင်းအမှတ်တွေနဲ့အသုံးပြုသွားဖို့ စတာတွေပါဝင်ပါတယ်။

NUGဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့အမျိုးသား ဦးညီညီမင်းတို့ကို အာဏာအလွဲသုံးစားပြုလုပ်ခြင်း ၊ အဂတိလိုက်စားခြင်း ၊ ဝန်ထမ်းတွေအပေါ်ဖိနှိပ်ခြင်း ၊ လိင်ပိုင်းဆိုင်ရာထိပါး‌နှောင့်ယှက်ခြင်း၊ရုံးတွင်းဆွေမျိုးတွေခန့်အပ်ထားခြင်း စတဲ့အချက်တွေနဲ့ တိုင်ကြားထားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာကိုရာထူးရပ်နားထားဆဲဖြစ်သလို အမှုကိုဆက်လက်စစ်ဆေးနေကြောင်းနဲ့ ဦးညီညီမင်းနဲ့တူတော်စပ်သူနှစ်ဦးကိုတော့ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောခဲ့ပါတယ်။


အဲ့ဒီ ဖေဖော်ဝါရီ ၂၁ ရက်နေ့‌သတင်းစာရှင်းလင်းပွဲအပြီး ညပိုင်းမှာပဲ တိုင်ကြားခံရသူဒေါ်ကြည်ပြာက ကျန်းမာရေးစောင့်ရှောက်မှုခံယူရမယ့်အခြေအနေဖြစ်နေတာကြောင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်တာဝန်ကနေ နုတ်ထွက်ဖို့တင်ပြခဲ့တာပါ။


အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက CDMတွေကအရေးကြီးသလို အလေးထားကြောင်းနဲ့ CDMတွေပြိုလဲသွားဖို့မဖြစ်ကြောင်း၊ CDMတွေရဲ့သဘောထားကိုတန်ဖိုးထားလေးစားတာကြောင့် အခုသတင်းစာရှင်းလင်းပွဲကို အမြန်ဆုံးပြုလုပ်ရတာဖြစ်ကြောင်းတို့ကိုပြောကြားခဲ့ပါတယ်။


စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာအရလည်း NUGကိုသပိတ်မှောက်ထားတဲ့ CDMအဖွဲ့အစည်းတွေဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာ သပိတ်လှန်ကြောင်းနဲ့ တာဝန်တွေကို အရင်အတိုင်းပြန်လည်ထမ်းဆောင်နေကြောင်း အသီးသီးပြန်လည်ကြေညာခဲ့ကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page