top of page

ရွှေကျင်မြို့နယ်က စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

BVJ/ထက်အောင် _ မေ ၁၁ ၊ ၂၀၂၅



ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဌာနချုပ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ မေ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။


ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာက စစ်ကောင်စီ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ) ကို အခု မေလ ၈ ရက်မှာ KNLA တပ်မဟာ ၃ လက်အောက်ခံတပ်ရင်းတွေနဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် ၁ နဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ညောင်ခြေထောက်ရွာ တိုက်ပွဲအတွင်း စစ်ကောင်စီသေဆုံးအလောင်း ၃၀ ကို တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆ ဦးနဲ့ မိသားစုဝင် ၇ ဦးကို ဖမ်းဆီးရမိခဲ့ကာ တပ်ရင်းမှူးအပါအဝင် အရာရှိတွေနဲ့ စစ်ကောင်စီတပ်သား ၅၀ ခန့် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့လည်း NUG MOD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ဒါ့အပြင် စစ်ကောင်စီထံက ပွိုင့်ဖိုက်စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဒရုန်းဖျက်စက် (Jammer) ၃ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှီခဲ့တယ်လို့လည်း သိရပါတယ်။


ခမရ ၅၉၈ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၃ က တပ်ရင်း ၇ နဲ့၊ ဒရုန်းအဖွဲ့တွေနဲ့အတူ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့ ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့တွေဖြစ်တဲ့ KRF၊ UDF ရော့ကက်နဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page