top of page

မယ်လမှာရှိတဲ့ စစ်ကောင်စီ မော်ကွီးလူစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • May 16, 2025
  • 1 min read

BVJ/အိုင်းရစ် _ မေ ၁၆ ၊ ၂၀၂၅



ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံ (တာကရယ်) မြို့ မယ်လရွာအနီးမှာရှိတဲ့ စစ်ကောင်စီ မော်ကွီးလူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၆ ရက် မနက်အစောပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လာပါတယ်။


KNU ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ၇ ထဲမှာ အခေချတပ်စွဲထားတဲ့ စစ်ကောင်စီ အမှတ် ၂၄ ခြေလျင်တပ်စခန်းကို KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပူးပေါင်းတပ်တွေက မနေ့ မေလ ၁၅ ရက် မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီခွဲမှာ သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


မယ်လရွာအနီးမှာရှိတဲ့ စစ်ကောင်စီ မော်ကွီးလူစခန်းသိမ်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် ထိုင်းစစ်တပ်နဲ့ ဒေသအာဏာပိုင်တွေက လုသားချင်းစာနာမှုအကူအညီတွေ ပေးခဲ့ရပါသေးတယ်။


အခု မေလအတွင်း ထိုင်း-မြန်မာနယ်စပ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNU လက်အောက်ခံတပ်တွေက ထိုးစစ်ဆင်သိမ်းယူမှုတွေ လုပ်ဆောင်နေပြီး တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးထဗျူဟာစခန်း၊ ထီးခီတပ်စခန်းတွေကိုသိမ်းယူထားခဲ့သလို မေလ ၁၃ ရက်နေ့ကလည်း လှိုင်းဘွဲ့မြို့နယ် တာလယ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းယူခဲ့ပါသေးတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page