မြဝတီမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေက ပြန်ခေါ်ကြဖို့ BGF တိုက်တွန်း
- BVJ

- Mar 4, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၂ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် စည်းကမ်းထိန်းသိမ်းရေးစခန်းမှာ ကရင်နယ်ခြားစောင့်တပ် (BGF) က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဒီနေ့ မတ်လ ၂ ရက်မှာ သတင်းမီဒီယာတွေက တဆင့်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်နဲ့ ဝင်ရော က်ရှာဖွေစီးနင်းချိန် နိုင်ငံပေါင်း ၂၈ နိုင်ငံက နိုင်ငံခြားသား ၇၀၀၀ ကျော်ကို BGF က ဖမ်းဆီးထိ န်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
“သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ လာရောက်ခေါ်ဆော င်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အဆင်ပြေတယ်။ ဒီမှာ လက်ရှိ နိုင်ငံ ၂၈ နိုင်ငံကသူတွေရှိတယ်။ ကျွန်တော်တို့မှာ ထားစရာနေရာ မရှိဘူး။ ကျွန်တော်တို့က မပို့တာမဟု တ်ဘူး။ ကျွန်တော်တို့က ဒီနေ့ရ ဒီနေ့ပို့ချင်တာ။ တစ်ဖက်နိုင်ငံက သူတို့ ဒီကိစ္စတွေမှာ နှောင့်နှေးနေတဲ့အခါကျတော့ ဒီ Operation ကိုလည်း အရှိန်လျှော့ထားရတယ်” လို့ BGF ဒုဗိုလ်မှူးကြီး နိုင်မော်ဇော်က သတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသားအများဆုံးပါဝင်ပြီး ထိန်းသိမ်း ရေးစခန်းတွေမှာ ကာလရှည်စောင့်ဆိုင်းနေရချိန် မကြာခဏ ဆူပူမှုတွေဖြ စ်တယ်လို့လည်း ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောပါတယ်။ အစောပိုင်းက တစ်ရက် လူ ၅၀၀ နှုန်းနဲ့ ပြန်ပို့ဖို့ စီစဉ်ခဲ့ပြီးချိန် သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူတွေရဲ့ ပြန်လည်ခေါ်ယူရေးအစီအစဉ် နှောင့်နှေးနေတာကြောင့် အခက်အခဲဖြစ်ပေါ်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီတတိယပတ်အတွင်းကလည်း ကျားဖြန့်ဂိုဏ်းတွေကလွတ်လာတဲ့ တရုတ်နိုင်ငံသား ၆၀၀ ဝန်းကျင်ကို မဲဆောက်လေဆိပ်ကနေတဆင့် တရုတ်အစိုးရက လေယာဉ်နဲ့ ပြန်ခေါ်သွားခဲ့သလို ဖေဖော်ဝါရီ ၂၇ ရက်မှာ အင်ဒိုနီးရှားနိုင်ငံသား ၉၀ ကို ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးထားပါသေးတယ်။




Comments