top of page

မြဝတီမှာ BGF ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၄၀၀ ကျော်ကို ထိုင်းဘက်ထပ်မံလွှဲပြောင်းပေး

  • Writer: BVJ
    BVJ
  • Mar 20, 2025
  • 1 min read

BVJ/ထက်အောင် _ မတ် ၁၇ ၊ ၂၀၂၅


Photo: Aung Aung
Photo: Aung Aung

ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ နိုင်ငံခြားသား ၄၁၅ ဦးကို ဒီနေ့ မတ်လ ၁၇ ရက်မှာ ထိုင်းနိုင်ငံဘက် ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။


အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးစီမံချက်အတွင်း ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေကို BGF က ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံ အစိုးရတွေဆီ ပြန်လွှဲပြောင်းပေးနေပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံခြားသားတွေကိုလည်း ဆက်လက်လွှဲပြောင်းပေးနေတာလည်း ဖြစ်ပါတယ်။


ဒီနေ့ မတ် ၁၇ ရက်မှာ BGF က ထိုင်းတာဝန်ရှိသူတွေထံ ထပ်မံလွှဲပြောင်းပေးသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၁၅ ဦးတို့လည်းပါဝင်ပြီး ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစတင်ခဲ့တဲ့ မြဝတီမြို့နယ် ကျားဖြန့်နှိမ်နင်းရေးစီမံချက်အတွင်း နိုင်ငံခြားသား ၇၅၀၀ ကျော်ကို BGF က ထိန်းသိမ်းထားခဲ့ပြီး ဒီနေ့ မတ်လ ၁၇ ရက်အထိ ထိုင်းနိုင်ငံကနေ သက်ဆိုင်ရာနိုင်ငံအသီးသီးကို လွှဲပြောင်းပေးခဲ့တဲ့ နိုင်ငံခြားသား ၄၀၀၀ နီးပါးအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။ ဒီအထဲက အများစု တရုတ်နိုင်ငံသားတွေဖြစ်ပြီး ၂၈၇၆ ဦးရှိနေတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page