ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ဇိုမီးပါတီနဲ့ပြည်သူ့ပါတီကအမတ်နှစ်ဦးကို ကြံ့ခိုင်ရေးပါတီက ကန့်ကွက်
- BVJ

- Mar 10
- 1 min read
ယူဂရင်း/BVJ_မတ် ၁၀၊ ၂၀၂၆

စစ်အုပ်စုကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အမတ်တွေကိုကျော်လွန်ပြီး အနိုင်ရခဲ့တဲ့ ဇိုမီးအမျိုးသားပါတီနဲ့ပြည်သူ့ပါတီက အနိုင်ရအမတ်နှစ်ဦးကို ကြံ့ခိုင်ရေးပါတီက ကန့်ကက်လွှာတင်သွင်းထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECကြေညာချက်အရ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီက ဒေါက်တာကောင်းထက်ခိုင်က ရွေးကောက်ပွဲအနိုင်ရသွားတဲ့ ဇိုမီးအမျိုးသားပါတီက ဦးပေါင်ဇလန်းကိုကန့်ကွက်လွှာတင်သွင်းထားတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ဦးဝင်းကြူက ပြည်သူ့ပါတီကအနိုင်ရအမတ်ဖြစ်တဲ့ ဦးခိုင်ဦးကိုကန့်ကွက်လွှာတင်သွင်းထားတာကြောင့် အဲ့ဒီအမှုတွေကို မနေ့က မတ်လ ၉ရက်မှာစတင်ကြားနာစစ်ဆေးတယ်လို့ UECကကြေညာတာပါ။

အဲ့ဒီကန့်ကွက်လွှာနှစ်မှုအတွက် ရွေးကောက်ပွဲခုံအဖွဲ့ (၁)၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ဖွဲ့စည်းပြီး အမှုတစ်ခုကို ခုံအဖွဲ့တစ်ဖွဲ့စီကစစ်ဆေးကြားနေတာလို့သိရပါတယ်။
တိုင်ကြားခံထားရတဲ့ ဦးပေါင်ဇလန်းနဲ့ဦးခိုင်ဦးတို့ဟာ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေဖြစ်ကြောင်း UECကကြေညာထားပြီးဖြစ်ပါတယ်။

ဦးပေါင်ဇလန်းဟာ ချင်းပြည်နယ်လွှတ်တော်အတွက် တီးတိန်မဲဆန္ဒနယ်မှာ နိုင်သူအကုန်ယူစနစ်(FPTP)နဲ့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပြီး ဦးခိုင်ဦးကတော့ တနင်္သာရီတိုင်းလွှတ်တော်အတွက် မြိတ်မဲဆန္ဒနယ်ကနေဝင်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။




Comments