မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ KNA တပ်ဖွဲ့ အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ပြုလုပ်
- BVJ

- Mar 19, 2025
- 1 min read
BVJ/ဇော်_မတ် ၉ ၊ ၂၀၂၅

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကယန်းအမျိုးသား တပ်မတော်ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်နှင်းခြင်း အခမ်းအနားကို ကယန်းဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မတ်လ ၉ ရက်နေ့မှာ Kayan National Army က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
KNA ရဲ့ အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲမှာ သင်တန်းသား (၃၀၀) ဦး ဝန်းကျင် တတ်ရောက်အောင် မြင်ခဲ့ပြီးတော့ ကယန်းပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ လက်နက်တွေပါ အပ်နှင်း တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး အပတ်စဉ် သင်တန်းဆင်းပွဲနဲ့အတူ တပ်ရင်း ၂၁၀၉ နဲ့ ၂၁၁၁ တပ်ရင်း (၂) ရင်းတို့ကို ထပ်တိုးဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့နယ် တိုက်ပွဲမှာလည်း ကယန်းအမျိုးသား တပ်မတော် (KNA) ကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မိုးဗြဲပြည်သူ့ကာကွ ယ်ရေးတပ်ဖွဲ့၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF) တို့အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာတွေလည်းရှိပါတယ်။
ကယန်းအမျိုးသားတပ်မတော် (KNA) ကို ကယန်းဒေသတွေမှာ ပြန့်ကျဲနေတဲ့ ကယန်းလက် နက်ကိုင်တပ်ဖွဲ့တွေ စုစည်းပြီးတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ တပ်ရင်း (၈) ရင်းနဲ့ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။












Comments