top of page

မြေပြန့်မှာ စစ်ရေးအရှိန်မြှင့်ဖို့ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းတပ်မဟာမှာပါဝင်ကြဖို့ မန္တလေး PDF ဖိတ်ခေါ်

  • Writer: BVJ
    BVJ
  • Jan 13, 2025
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၁၃၊ ၂၀၂၅


ဓါတ်ပုံ-MDY-PDF ရဲဘော်များနှင့် အခြေခံစစ်ပညာသင်တန်း အပါတ်စဉ်(၁၅) သင်တန်းဆင်းပုံများ
ဓါတ်ပုံ-MDY-PDF ရဲဘော်များနှင့် အခြေခံစစ်ပညာသင်တန်း အပါတ်စဉ်(၁၅) သင်တန်းဆင်းပုံများ

မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်ရေးနယ်မြေအဖြစ် ပြောင်းလဲဖို့အတွက် စစ်ကိုင်းတိုင်းမှာ စစ်ရေးအရှိန်အဟုန်တိုးမြှင့်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က ပြင်ဆင်နေပါတယ်။


အဲ့ဒီအတွက်လည်း စစ်ကိုင်းတိုင်းတပ်မဟာကို တိုးချဲ့ဖွဲ့စည်းမှာဖြစ်ပြီး အဲ့ဒီတပ်မဟာမှာ MDY-PDF နဲ့အတူ တစ်ဦးချင်းဖြစ်စေ ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီးပါဝင်လာကြဖို့ ဒီနေ့ ဇန်နဝါရီ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။


“နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍတွင် မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြေများအဖြစ် ပြောင်းလဲစေနိုင်ရေးဟာ ၂၀၂၅ ခုနှစ်အတွက် အသက်တမျှ အရေးကြီးလှပါတယ်။ စစ်အာဏာရှင်နှင့်တကွ အာဏာရှင် အဆက်ဆက် ခြေကုတ်ယူရာ မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြောက်နယ်မြေများအဖြစ် ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေ ဖြစ်ပါလိမ့်မယ်”လို့ MDY-PDF က ပြောထားပါတယ်။



ဒါကြောင့် အတူတကွရုန်းကန်လှုပ်ရှားကြဖို့အတွက် စစ်ကိုင်းတိုင်းတပ်မဟာမှာပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ပူးပေါင်းပါဝင်လာကြမယ့် စစ်သည်တော်တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေကို ကြိုဆိုဖိတ်ခေါ်ကြောင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း စစ်ဆင်ရေးဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း MDY-PDF က ပြောထားပါတယ်။


အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်း စစ်ဆင်ရေးတို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ပြီး မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page