top of page

ပုဏ္ဏားကျွန်းမှာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်အလောင်းဖျောက်ခံရ

  • Writer: BVJ
    BVJ
  • Jul 24
  • 1 min read

Updated: Jul 27

တရားခံကို ပြင်းထန်တဲ့ပြစ်ဒဏ်စီရင်ပေးဖို့ အာရက္ခပြည်သူ့အစိုးရကိုတောင်းဆို

မိုနာ/BVJ_ဇူလိုင် ၂၄၊ ၂၀၂၆

ရခိုင်ရေဘေးသင့်ပြည်သူတွေအတွက် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ရိက္ခာတွေကူညီထောက်ပံ့နေပုံ။
ရခိုင်ရေဘေးသင့်ပြည်သူတွေအတွက် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ရိက္ခာတွေကူညီထောက်ပံ့နေပုံ။

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ရွာက အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုအပေါ် ကျူးလွန်သူကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးပြီး နောက်လူတွေမလုပ်ရဲအောင်စီရင်ဖို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဒီနေ့ ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။


အောင်ဆိပ်ကျေးရွာက မနှင်းနှင်းဝေဟာ အခု ဇူလိုင် ၁၈ရက်မှာ နေအိမ်ကနေ ယိုးတရုပ်မြောင်ကိုလာရာလမ်းမှာပျောက်ဆုံးသွားတာဖြစ်ပြီး မနေ့ကဇူလိုင် ၂၃ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ကျောက်ကွင်းမှာ မုဒိမ်းကျင့်၊သတ်ဖြတ် အလောင်းဖျောက်ထားတာကို အာရက္ခတပ်တော်ရဲ့ ဒီလပ်တပ်ဖွဲ့( တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန)ကရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အခုလို ရက်ရက်စက်စက်ခန္ဓာကိုယ်ကိုဖျက်ဆီးသတ်ဖြတ်ထားတဲ့အပေါ် အမျိုးသမီးတွေနဲ့အတူ တုန်လှုပ်ကြောက်ရွံ့မိကြောင်းနဲ့ အခုလုပ်ရပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်မှုခင်းဖြစ်ရပ်တွေထဲ အဆိုးရွားဆုံး၊အယုတ်မာဆုံးဖြစ်ရပ်တခုဖြစ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး အမျိုးသမီးရေးရာဌာနက ထုတ်ပြန်ပါတယ်။


ဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လူသတ်မုဒိမ်းကျင့် အလောင်းဖျောက်ခဲ့တဲ့တရားခံကို အာရက္ခဥပဒေနဲ့အညီ ပြင်းထန်စွာအပြစ်ပေးအရေးယူပြီး နောက်လူတွေမလုပ်ဝံ့လောက်အောင်အပြစ်မျိုးပေးအရေးယူဖို့ တောင်းဆိုထားပါတယ်။


အခုနောက်ပိုင်း ကလေးငယ်တွေနဲ့အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူတွေကို သေဒဏ်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေဟာ နိုင်ငံတဝန်းမှာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေပါတယ်။


အခုလ ဇူလိုင် ၁၉ရက်နေ့ကလည်း ရန်ကုန်၊အိမ်ရာတစ်ခုက အိပ်ခန်းထဲမှာအိပ်နေတဲ့ ၁၅ နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ အသက်(၃၈)နှစ်အရွယ်အမျိုးသားကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ မရမ်းကုန်းခရိုင်တရားရုံးက မနေ့က ဇူလိုင် ၂၃ရက်မှာအမိန့်ချလိုက်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page