top of page

PDF-Zolandကြားဖြတ်တိုက်ခိုက်မှုအတွင်း ZRA-ECတပ်ဖွဲ့ဝင်တွေအပါ စစ်အုပ်စုဘက်က ၆ ဦး ကျဆုံး

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

ယူဂရင်း/BVJ_ဇူလိုင် ၂၃၊ ၂၀၂၆

ချင်းပြည်နယ်မြောက်ပိုင်းက ကနေဒီတောင်နဲ့တီးတိန်မြို့ကြားကိုစစ်ကြောင်းထိုးချီတက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို PDF – Zolandတပ်ဖွဲ့က အခုလ ဇူလိုင် ၂၂ရက်မှာကြားဖြတ်တိုက်ခိုက်ခဲတာကြောင့် ၆ ယောက်သေဆုံးခဲ့တယ်လို့ PDF – Zoland ကထုတ်ပြန်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က သေဆုံးသူ ၆ယောက်ထဲမှာ Zomi Revolutionary Army (ZRA EC)ကတပ်သား (၃)ယောက်ပါဝင်တယ်လို့လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/ PDF Zolandက မနေ့ကဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်မှာပြောထားပါတယ်။


ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ZFU/ PDF Zolandက"ယခု စစ်ဆင်ရေးသည် PDF Zoland နဲ့ အကြမ်းဖက်စစ်တပ်ကြားမှ တိုက်ပွဲတစ်ခုသာဖြစ်ကြောင်း ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်"လို့ ဖော်ပြပါတယ်။


ဒီတိုက်ခိုက်မှုအပေါ် ZRA-EC တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဇူလိုင်လ ၂၁ ည ၈ နာရီအချိန်မှာ စစ်တပ်နဲ့ ZRA-ECပူးပေါင်းတပ်တို့ရဲ့ကင်းလှည့်ကားကို PDF – Zolandက မြေမြုပ်မိုင်း၊ လက်နက်ကြီး/ငယ်တွေနဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကျဆုံးသွားသူတပ်ဖွဲ့ဝင် ၃ ဦးကတော့ မွန်ဂျက်၊ ကေဗီနဲ့ ထန်နိုတို့ဖြစ်တယ်လို့သိရပါတယ်။


ZRA-ECတပ်ဖွဲ့ဟာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်းက တွန်းဇံမြို့နဲ့တီးတိန်မြို့အပါအဝင် ချင်းမြောက်ပိုင်းမှာ စစ်ရေး/နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့ ချင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။


ဓါတ်ပုံ-တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ZRA-ECတပ်ဖွဲ့ဝင် ၃ ဦး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page