top of page

မြေပြင်တိုက်ပွဲတွေရပ်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီက နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေ

  • Writer: BVJ
    BVJ
  • Feb 28, 2025
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅


ဖေ‌‌ဖော်ဝါရီလ၂၀ ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဗဟာရီးရပ်ကွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့စဉ် (Banmaw Scout Team)
ဖေ‌‌ဖော်ဝါရီလ၂၀ ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဗဟာရီးရပ်ကွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့စဉ် (Banmaw Scout Team)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ကို စစ်ကောင်စီက နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အခုလ ဖေဖော်ဝါရီနောက်ဆုံးပတ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေမရှိတဲ့ရက်တွေမှာလည်း စစ်ကောင်စီဘက် က လေ ကြောင်းတို က်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတဲ့အကြောင်း Banmaw Scout Team က ဖော်ပြပါတယ်။


 ဗန်းမော်-မံစီ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့ပြီး လက်ရှိအချိန်အထိ ဗန်းမော်မြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊အမှတ် ၅၀၁၄ တင့်ကား တပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်း (အမတ) နဲ့ အမှတ် ၂၃၆ ခြေလျင်တပ်ရင်း (ခလရ) တို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


 ဗန်းမော်မြို့တွင်း ကျန်ရှိနေသေးတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို KIA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ တတိယပတ်အထိ ထိုးစစ်ဆင်မှုတွေရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်းမှာ နှစ်ဖက်မြေပြင် ထိတွေ့တိုက်ပွဲတွေ ရပ်တန့်နေခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း Banmar Scout Team က ဖော်ပြထားပါတယ်။


ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့အတူ အာရက္ခတပ်တော် (AA) ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ ဗန်းမော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဗန်းမော်မြို့ခံ UG အဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page