top of page

ဘားအံခရိုင်ထဲက တခေါ်ဘီခွီးတပ်စခန်းကို KNLA နဲ့KNDO ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

BVJ/ဇော် - မေ ၉ ၊ ၂၀၂၅



ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တခေါ်ဘီခွီးတပ်စခန်းကို တိုက်ခိုက်သိမ်းယူရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။


ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ - ၂၄ အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO) ပူးပေါင်းတပ်တို့က ဒီနေ့မနက် ၉ နာရီမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တခေါ်ဘီခွီးတပ်စခန်းတိုက်ခိုက်သိမ်းယူနိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး KNU သတင်းနဲ့ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ စောတောနီးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။


တခေါ်ဘီခွီးစခန်းကို သိမ်းယူနိုင်မှုနဲ့အတူ မြိတ်-ထားဝယ်ခရိုင်၊ ထီးခီးဒေသအတွင်းက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ -၂၅ တပ်စွဲထားတဲ့ ထီးခီးဗျူဟာစခန်းကိုလည်း KNLA နဲ့ KNDO ဦးဆောင်မှုနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်တို့က ဒီနေ့မေလ ၉ ရက်နေ့မှာပဲ သိမ်းယူနိုင်ခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page