ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ကလေးတော်လှန်ရေးအဖွဲ့ကို ပြည်သူတွေ ကြိုဆို
- BVJ
- Apr 24
- 1 min read
BVJ_ဧပြီ ၁၅ ၊ ၂၀၂၅

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကလေးဒေသ တော်လှန်ရေးတပ် (KRF) ရဲဘော်တွေ ကလေးမြို့ကို ပြန်လာချိန် ဒေသခံပြည်သူအများအပြားက ကြိုဆိုခဲ့ကြပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို အခုလ ဧပြီ ၉ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ အညာတပ်ပေါင်းစုတွေက ပူးပေါင်းပါဝင်ခဲ့ပြီး အာရက္ခတပ်တော် (AA) က စစ်ဘက်ဆိုင်ရာ အကြံဉာဏ်တွေ အကူအညီပေးခဲ့တယ်လို့လည်း သိရပါတယ်။
ငါးလဝန်းကျင် ကြာမြင့်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း KRF တပ်ဖွဲ့က ရဲဘော် ၅ ဦး ကျဆုံးခဲ့သလို ချင်းညီနောင်အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။
ဖလမ်းမြို့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်ခဲ့တဲ့ ၅ လတာအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူအကြိမ် ၁၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး စစ်အင်အား ဖြည့်တင်းမှု ၂၀၀ ကျော်အထိ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments