ဖားကန့်မှာ နွံကန်ပြိုကျပြီး အိမ်တွေနစ်မြုပ်ကာ လူသေဆုံးမှုရှိ
- BVJ

- Jan 13, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၃၊ ၂၀၂၅

ကျောက်စိမ်းလုပ်ကွက်တွေရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်း တစ်နာရီခန့်မှာ မြေပြိုကျခဲ့တာကြောင့် လူသေဆုံးမှုရှိတယ်လို့သိရပါတယ်။
ကျောက်စိမ်းတူးဖော်တဲ့မြေစာနွံကန်ပြိုကျတဲ့အတွက် အိမ်ခြေအများစုရွှံတွေ အောက်ရောက်သွားပြီး လူသေဆုံးမှုရှိခဲ့သလို ပျောက်ဆုံးသူတွေလည်းအများအပြားရှိနေပါတယ်။
အိမ်ခြေ(၅၀)ခန့်ပါသွားပြီး လက်ရှိအချိန်ထိ အနည်းဆုံးလူ (၈) ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဒီနေ့မနက်ပိုင်းမှာဖော်ပြကြပါတယ်။
လက်ရှိမှာကယ်ဆယ်ရေးတွေဆောင်ရွက်နေဆဲဖြစ်တာကြောင့် လူသေဆုံးမှုကိုအတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနမှော်က ကျောက်စိမ်းတူးတဲ့လုပ်ကွက်ဟောင်းမှာ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကလည်း မြေပြိုတဲ့အတွက် ရေမဆေးရှာဖွေသူ (၃၀)ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။














Comments