ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ကြောင်း ဗာတီကန်ထုတ်ပြန်
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၂၁ ၊ ၂၀၂၅

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဒီနေ့ ဧပြီ ၂၁ ရက် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ချိန် သက်တော် ၈၈ နှစ်ရှိပြီး အီတလီနိုင်ငံ ရောမမြို့ ဗာတီကန်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပြီးနောက်ပိုင်း ဗာတီကန်နန်းတော်မှာ အနားယူဖို့ ဆရာဝန်တွေကလည်း အကြံပြုပြောဆိုမှုတွေရှိခဲ့ပါတယ်။ အဆုတ်ရောင်ရောဂါကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့ရတဲ့အတွက် ဆေးဝါးကုသမှုခံယူပြီးနောက်ပိုင်း အရေးပေါ်အခြေအနေ ၂ ကြိမ် ကြုံတွေ့ခဲ့ရသေးတယ်လို့လည်း ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့မှုအပေါ် နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး ကက်သလစ်ဘာသာဝင်တွေကလည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ်သာသနာခေါင်းဆောင်အဖြစ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ၁၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ စေ့စပ်ဆွေးနွေးဖို့ကိစ္စတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်နစစ်က မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။
Comments