ရိုဟင်ဂျာမျိုးဆက်ပွားမှုကို မြန်မာစစ်တပ်ရည်ရွယ်ချက်ရှိရှိကန့်သတ်ထားကြောင်း ICJတွေ့ရှိ

BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၆

ရိုဟင်ဂျာလူမျိုးတွေမျိုးဆက်ပွားရေးကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိကန့်သတ်ထားတာကိုတွေ့ရှိခဲ့ရပြီး ဒီကိစ္စကိုလည်း မြန်မာဘက်ကဝန်ခံထားတယ်လို့ ICJစီရင်ချက်ကပြောပါတယ်။
"ရိုဟင်ဂျာ ကလေးငယ်မွေးဖွားမှုတွေ၊ အိမ်ထောင်စုအသိအမှတ်မပြုမှုတွေကိုတွေ့ရှိခဲ့ရတယ်။ ဒီလုပ်ဆောင်ချက်ဟာ ရိုဟင်ဂျာလူမျိုးတွေ မျိုးဆက်ပွားလို့မရအောင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကို တမင်ထိခိုက်အောင်လုပ်ထားတာဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေ ထိမ်းမြားလက်ထပ်မှု၊ မျိုးဆက်ပွားကိစ္စတွေမှာလည်း ထိခိုက်ခဲ့တယ်ဆိုတာလည်းတွေ့ရှိခဲ့ရပါတယ်" လို့ ဒီနေ့ အမိန့်ချအစီရင်ခံစာမှာ ICJတရားရုံး ဥက္ကဋ္ဌ ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) က ဖတ်ကြားခဲ့တာပါ။

လက်ရှိမှာ မြန်မာနဲ့ဂမ်ဘီယာအမှု စီရင်ဆုံးဖြတ်ချက်ကို ICJဘက်ကဆက်လက်ဖတ်ကြားနေဆဲဖြစ်ပါတယ်။




Comments