ပူတင်နဲ့တွေ့ဖို့ စစ်ခေါင်းဆောင် ရုရှား သွားပြီ
- BVJ

- Mar 4, 2025
- 1 min read
BVJ/ယူဂရင်း_ မတ် ၃၊ ၂၀၂၅

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရရှားနိုင်ငံကို သွားဖို့အတွက် ဒီနေ့မနက်မှာပဲ နေပြည်တော်လေဆိပ်ကနေ ထွက်သွားပြီလို့ စစ်ကောင်စီသတင်းတွေက ဖော်ပြပါတယ်။
ရရှားနိုင်ငံရဲ့ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်တာလို့ ဆိုထားပါတယ်။
ရရှားကို စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီအဖွဲ့ဝင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက အဆင်မြင့်တပ်မတော်အရာရှိတွေပါဝင်တယ်လို့လည်း သိရပါတယ်။
ခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်အပါအဝင် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ရုရှား အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းတွေလုပ်ပြီး နှစ်နိုင်ငံအစိုးရ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေကို မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ၁၃ရက်က ဖမ်းဝရမ်းထုတ်ထားပြီးနောက် အခုရရှားခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်လာပါတယ်။




Comments