ပူတာအိုဒေသမှာ တိုက်ပွဲဖော်ဆောင်တော့မယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေးလာ
- BVJ

- Jan 17, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၇၊ ၂၀၂၅

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်-KPF နဲ့ ပူးပေါင်းတပ်တို့က မကြာခင် မလွှဲမရှောင်သာ တိုက်ပွဲဆင်နွှဲတော့မယ်လို့ KPF က ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မနက်ပိုင်းမှာ အသိပေးထုတ်ပြန်လာပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ဌာနပြည်သူ့စစ်တပ်ဖွဲ့ဟာ ခေါင်လန်ဖူးဒေသနဲ့ ပူတာအိုဒေသတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုများစွာရှိနေတယ်လို့ မဟုတ်မမှန်သတင်းလွှင့်နေတာကို မယုံကြည်ကြဖို့နဲ့ မကြာခင် တိုက်ပွဲဆင်နွှဲမယ်လို့ ပြောလာတာပါ။
“ပူတာအိုဒေသမှာ မကြာခင် တိုက်ပွဲရှိမယ်။ ဘယ်အချိန်ဆိုတာတော့ ပြောလို့မဖြစ်လို့ပါ။ ပြင်ဆင်နေပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦးက Burma VJ ကို ပြောပါတယ်။
ဒါ့အပြင် ဌာနေပြည့်သူ့စစ်အဖွဲ့ဝင်အချင်းချင်း စွန့်ပစ်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးရဲ့အလောင်းကို ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်က သင်္ဂြိုလ်ပေးခဲ့ရကြောင်းနဲ့ အဲ့ဒီနှစ်ဦးဟာ သူတို့ထောင်ထားတဲ့ မိုင်းကိုပဲ ပြန်နင်းမိကာ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကို ချန်ထားခဲ့ရတာကြောင့် ရှာဖွေကူညီဖို့ကိုလည်း ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကပဲ အကြောင်းကြားလာခဲ့တာကြောင့် ရှာဖွေပြီး မနေ့က ဇန်နဝါရီ ၁၆ ရက်မှာ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့တာဖြစ်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်က ဓါတ်ပုံတွေနဲ့အတူဖော်ပြထားပါတယ်။




Comments