ပြိုကျသွားတဲ့ အထပ်၃၀မြင့် အဆောက်အဦးအောက်ပိတ်မိနေဆဲ ၇၉ဦးအတွက် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ
- BVJ

- Apr 18, 2025
- 1 min read
အေတီ/BVJ_မတ် ၆ ၊၂၀၂၅

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ကျက်တူကျက် အရပ်က ငလျင်လှုပ်ပြီး ပြိုကျခဲ့တဲ့ အစိုးရစာရင်းစစ်ရုံး အထပ်၃၀ အဆောက်အဦးပုံအောက်ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်ဆယ်မှုတွေ ဆက်လုပ်နေ ဆဲဖြစ်ပါတယ်။ ဘန်ကောက်ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်အရ စုစုပေါင်း ၁၀၃ဦးမှာ ၁၅ဦးသေဆုံး၊ ၉ဦးဒဏ်ရာရ၊ ၇၉ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ၇၉ဦး ရှာဖွေကယ်ဆယ်ရေးအတွက် ထိုင်းနိုင်ငံကကယ်ဆယ်ရေးအဖွဲ့နဲ့အတူ နိုင်ငံခြားကကယ်ဆယ်ရေးအဖွဲ့တွေလည်း လာရောက်ပူးပေါင်းကူညီနေကြပါတယ်။ ဧပြီ၅ရက် နေ့က ကနေဒါရှာဖွေကယ်ဆယ်ရေးအဖွဲ့ နောက်ဆုံးရောက်ရှိလာပါတယ်။ ဒါပေမယ့် အပျက်အစီးအုတ်ပုံတွေအောက် ပိတ်မိနေတဲ့ လူ ၇၉ ဦး ကို အသက်ရှင်လျက် ရှာတွေ့နိုင်ဖို့ အခြေအနေ မျှော်လင့်ချက် တဖြေးဖြေးနည်းလာနေပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံကို ဦးတည် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အထပ် ၃၀ အဆောက်အအုံဟာ ဘန်ကောက်မြို့က တစ်ခုတည်းသော အထပ်မြင့်အဆောက်အအုံဖြစ်ပါတယ်။ အထက်ပါအဆောက်အအုံပြိုကျတာဟာ အရည်အသွေးမမီတဲ့ သံချောင်းတွေအ သုံးပြုတာ ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေပြီး အရွယ်အစားမတူတဲ့ သံချောင်းနမုနာ တွေ ကို အစောပိုင်းက စစ်ဆေးမှုအရ အရည်အသွေးမမီတာ တွေ့ရှိခဲ့ပါတယ်။
အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်း ကို ဖော်ထုတ်ဖို့ ထိုင်းအစိုးရက သီးခြားစုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ခဲ့တာမှာ စံချိန်မမီတဲ့ သံချောင်းတွေ အသုံးပြုထားတာကို တွေ့ရှိခဲ့ပါတယ်။
ထိုင်းအစိုးရလက်အောက် ဗဟိုရဲမှုခင်းသိပ္ပံဌာနခွဲက အရာရှိတွေနဲ့ မြို့ပြစီမံကိန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြိုကျသွားတဲ့ အထက်ပါအဆောက်အဦးက ဇုန် A၊ B, C နှင့် D တို့က သံချောင်းနမှုနာတွေယူ ပြီး စံချိန်စံညွှန်းပြည့်မီခြင်း ရှိ၊မရှိ စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်း တွေပေးပို့ထားပြီးဖြစ်ပါတယ်




Comments