နယ်မြေနဲ့ စစ်ရေးအတွက် ရေစကြို၊ ပေါက်နဲ့ မြိုင် ပကဖတွေ ပေါင်းစည်း
- BVJ

- Apr 30, 2025
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၃၀၊ ၂၀၂၅

မြေပြင်မှာ ကြုံတွေ့နေရတဲ့ ပကတိအခက်အခဲတွေအပေါ် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေလုံခြုံရေးနဲ့ ဒေသတွင်းတော်လှန်ရေးအားကောင်းစေရေးတို့အတွက် မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တွေ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မနေ့က ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အခုပေါင်းစည်းမှုဟာ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စရပ်တွေမှာဖြစ်စေ၊ နယ်မြေအတွငင်းအဖွဲ့အစည်းအချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနဲ့ အပြန်အလှန်လိုအပ်ချက်တွေ ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ဖို့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလိုပူးပေါင်းမှုအတွက် ပခုက္ကူခရိုင်အတွင်း မြို့နယ်ပကဖ တာဝန်ခံတွေက မြေပြင်မှာ မျက်မှာစုံညီတွေ့ဆုံပြီး နှီးနှောဆွေးနွေးဖလှယ်မှုပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပူးပေါင်းဆောင်ရွက်မယ့် ထုတ်ပြန်ချက်ကို ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဝေကြီး၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုမင်းနိုင်နဲ့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာတို့က လက်မှတ်ထိုးရေးထိုးတာလည်း တွေ့ရပါတယ်။




Comments