နွားထိုးကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးမှုများ၊ လက်နက် ၃၉လက် ရရှိခဲ့
- BVJ

- Jan 31, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၁ ၊ ၂၀၂၅

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းနဲ့ မြင်းခြံခရိုင်တပ်ရင်းတို့ မနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၁)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ အမှတ် ၁၄၊ ၁၅ ခြေမြန်တပ်ရင်းနဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ ဝန်းကျင်တို့ ပြင်စည်ရွာကနေ ထွက်လာချိန် မြင်းခြံခရိုင် တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက Mi35 ရဟတ်ယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ပေမဲ့ တိုက်ပွဲမတွင်း ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦးအအပါအဝင် (၂၁)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဖမ်းဆိးရမိခဲ့သလို လက်နက် (၃၉)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလ ဇန်နဝါရီ ၁၂ ရက်ကလည်း မြင်းခြံမြို့နဲ့ တောင်သာမြို့အကြားမှာ ခမရ ၁၅ ၊ ရဲတပ်ရင်း ပူးပေါင်းအင်အား တစ်ရာပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မြင်းခြံခရိုင်တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ (၂၀)ခန့် သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပါသေးတယ်။




Comments