နောင်ချိုမြို့ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခံရမှု သံဃာ(၉)ပါးအပါအဝင် (၁၄)ဦးသေဆုံး
- BVJ

- Mar 19, 2025
- 1 min read
BVJ/အေတီ _ မတ် ၁၆ ၊ ၂၀၂၅

မတ်လ ၁၆ ရက်နေ့ ဒီနေ့ ညနေ (၅း၃၀)ခန့်မှာ နောင်ချိုမြို့ (၃)ရပ်ကွက် ကံကြီးလမ်းပေါ်က စိန်ရတနာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် သံဃာ ၉ပါး (ကိုရင် ၈ပါး၊ ဦးဇင်း ၁ပါး)အပါအဝင် စုစုပေါင်း ၁၄ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး(၄)လုံး စစ်ရှောင်တွေရှိတဲ့ စာသင်တိုက်ဘုန်းကြီးကျောင်းကို ကြဲချခဲ့တာဖြစ်ပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ သံဃာ၉ပါးအပြင် အမျိုးသား၂ဦးနဲ့ အမျိုးသမီး ၃ဦးတို့လည်း ပါဝင်တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပါတယ်။
“စာသင်တိုက်မှာက ဘုန်းကြီးကျောင်းမှာ ရှောင်နေရင် စိတ်ချရမယ်ထင်ပြီး ရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေများပါတယ်။ ပြည်သူတွေ ထိနိုင်ချေအတော်များပါတယ်။ မြို့ထဲနေရင် စိတ်မချရလို့ ဘုန်းကြီးကျောင်းရှောင်ကာမှ ခွေးမသားတွေက ပြည်သူတွေကို targetထား လူသ၊တ်တာပါပဲ” လို့ ပြောပါတယ်။
နောင်ချိုမြို့ကို TNLA တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဇန််နဝါရီ ၂၂ ရက်နေ့က နောင်ချိုမြို့လယ်က လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။
မတ်လ (၁၄)ရက်၊ မွန်းလွဲ (၃)နာရီခန့် ကလဲ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက ဈေးဆိုင်တန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် (၆)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၂၇)ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။




Comments