top of page

ဒေသတွင်းတပ်ဖွဲ့  ၅ ဖွဲ့ပေါင်းစည်းပြီး ပခုက္ကူခရိုင်အတွင်းစစ်ရေးအရှိန်မြှင့်မယ်

  • Writer: BVJ
    BVJ
  • May 1
  • 1 min read

အင်အားကောင်းတဲ့တပ်ရင်းတစ်ခုဖြစ်ဖို့ ကျန်တပ်ဖွဲ့တွေလည်းပူးပေါင်းကြဖို့ ဖိတ်ခေါ်

--------

BVJ/ယူဂရင်း_ မေ ၁၊ ၂၀၂၅

ပခုက္ကူခရိုင်Localတပ်ရင်း အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ။
ပခုက္ကူခရိုင်Localတပ်ရင်း အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းက ဒေသတွင်းတပ်ဖွဲ့တွေဖြစ်တဲ့ Earthquake People's Defence Force၊ Thurain TR၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့ တပ်ဖွဲ့ (၅) ဖွဲ့ပေါင်းစည်းပြီး ပခုက္ကူခရိုင်Localတပ်ရင်း အပတ်စဥ် (၁)သင်တန်းကို စိုးမိုးနယ်မြေတနေရာမှာပြုလုပ်ခဲ့ပါတယ်။


ပခုက္ကူခရိုင်Localတပ်ရင်းကိုဖွဲ့စည်းရခြင်းဟာ ပခုက္ကူခရိုင်အတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့နဲ့ ပြည်သူအားကိုးရတဲ့ တပ်ရင်းတပ်ဖွဲ့တခုအဖြစ် ပေါင်းစည်းချီတက်ပြီး ပျောက်ကြားစစ်ကနေပုံမှန်စစ်ကိုကူးပြောင်းရာမှာ တပ်ပုံစံကျဖို့လိုအပ်တာကြောင့် ဖွဲ့စည်းရတာဖြစ်တယ်လို့လည်း ဒီနေ့ မေလ ၁ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။


ဒေသတွင်း တပ်ဖွဲ့ ငါးဖွဲ့ စုစည်းရတာနဲ့ပတ်သက်ပြီး “ရည်ရွယ်ချက်ကတော့ အဖွဲ့ကွဲပြားနေတာထက် အတူတူပေါင်းစုပြီးတိုက်မှ အကြမ်းဖက်စကစကို အနိုင်တိုက်နိုင်မှာလို့ ယုံကြည်လို့ပါ။ အရင်ကထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်ဖို့ ရည်ရွယ်ထားပါတယ်ဗျ”လို့ Earthquake People's Defence Forceသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်က Burma VJကို ပြောပါတယ်။


အခုပြုလုပ်တဲ့ အပါတ်စဉ်(၁)သင်တန်းကို ပေါင်းစည်းထားတဲ့ (၅)ဖွဲ့က ရဲဘော် အယောက်(၄၀) တက်ရောက်ခဲ့ပြီး သင်တန်းမှာ စစ်ပညာသင်တန်းအပြင် နိုင်ငံရေး သင်ခန်းစာ၊ CoCနှစ်ရပ်၊ ပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုစတဲ့သင်ခန်းစာတွေကို တလခွဲကြာ သင်ကြားပေးခဲ့တာလို့ သိရပါတယ်။


အခုချိန်ဟာ ကွဲပြားဖို့မသင့်ဘဲ တစုတစည်းထဲအင်အားကောင်းတဲ့ တပ်ရင်းဖြစ်ဖို့လိုအပ်တာကြောင့် ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ Local တပ်ဖွဲ့တွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပူးပေါင်းကြဖို့ကို ပြောထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page