top of page

ဒုစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိချိန် စစ်ကောင်စီက ဒီမော့ဆိုမြို့ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်

  • Writer: BVJ
    BVJ
  • Jan 15, 2025
  • 1 min read

ဒေါဆိုခူစစ်ဘေးရှောင်ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ


BVJ/ထက်အောင် _ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅


စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ဒေါဆိုခူကျေးရွာက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဒီနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဒီနေ့ကျင်းပတဲ့ ကယား (ကရင်နီ) ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လွိုင်ကော်မြို့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒုစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော်မြို့ ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်နေချိန် ဒီမော့ဆိုမြို့နယ် ဒေါဆိုခူရွာက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


ဒီနေ့ နေ့လည်ပိုင်းမှာ ဒေါဆိုခူစစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ရပြီး စစ်ဘေးရှောင်ပြည်သူ ၂ ဦး နေရာတွင် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေထဲက တစ်ဦး ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေချိန် ထပ်မံသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။



“ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း လွိုင်ကော်ကို လာတဲ့အချိန်မှာပဲ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ််နေတာလည်း ဖြစ်တယ်။ စစ်ခေါင်းဆောင်တွေ မင်းအောင်လှိုင်ပဲဖြစ်ဖြစ်၊ စိုးဝင်းပဲဖြစ်ဖြစ် ကရင်နီပြည်နယ်ကိုလာတိုင်း စစ်ကောင်စီက ကျွန်တော်တို့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုကို လုပ်လေ့ရှိတယ်။ အဲဒီမှာ ပြည်သူတွေ သေဆုံးရတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကလည်း Burma VJ ကို ပြောပါတယ်။


ဒုစစ်ခေါင်းဆောင် စိုးဝင်း ကရင်နီပြည်နယ်ကို လာရောက်ချိန် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပမယ့် လွိုင်ကော်မြို့နယ်ခန်းမနဲ့ စစ်တပ်အခြေစိုက်စခန်းကို မနေ့ ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page