top of page

ထိုင်းပို့ကုန်ဝင်ရောက်မှု ပိတ်သိမ်းဖို့ စစ်ကောင်စီ ထောက်ခံသူတွေ ဆန္ဒပြ

  • Writer: BVJ
    BVJ
  • Feb 10, 2025
  • 1 min read

BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၈ ၊ ၂၀၂၅



ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်းကို တင်သွင်းတဲ့ လောင်စာဆီနဲ့ လျှပ်စစ် ဖြတ်တောက်မှု လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းတင်သွင်းကုန်တွေကို ပိတ်ပင်ဖို့အတွက် မြဝတီမြို့နယ်မှာ စစ်ကောင်စီ ထောက်ခံသူတွေက ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။


စစ်ကောင်စီထောက်ခံသူ ဦးသူရိန်မင်းထွန်းနဲ့ ဦးကျော်ကျော်တို့ ဦးဆောင်ပြီး ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က လူဦးရေ ၃၀ ခန့်နဲ့ မြဝတီမြို့နယ် အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံမှာ စတင်စုဝေးခဲ့ပြီး အမှတ် ၅ ရပ်ကွက် အမှတ် ၂ တံတားဘက်ကို စီတန်းလှည့်လည် ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ မြဝတီမြို့ကို စက်သုံးဆီနဲ့ ဂက်စ်များ ပေးပို့ခြင်း ရပ်တန့်လိုက်တာကြောင့် မြဝတီမြို့နေ ပြည်သူတွေက ထိုင်းကုန်စည် စီးဆင်းမှု ပိတ်သိမ်းပေးနိုင်ရေး ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်ပွဲအကြောင်းအရာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ထောက်ခံသူတွေက မြဝတီမြို့နယ် အာဏာပိုင်အဖွဲ့တွေကို ကြိုတင်အကြောင်းကြားထားပြီး ခန့်မှန်းလူဦးရေ ၃၀၀၀ ခန့် ပါဝင်မယ်လို့လည်း ဖော်ပြထားပါတယ်။



ဆန္ဒပြသူတွေကို ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး (မြဝတီ) တံတား အမှတ် ၁ နဲ့ ၂ ပိတ်ပေးရေး၊ ထိုင်းကုန်စည်များ မသုံးစွဲရေး၊ ထိုင်း-မြန်မာနယ်စပ် တရားမဝင်ဂိတ်များ ပိတ်ပေးရေး စတဲ့အချက်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး မြန်မာနိုင်ငံအလံတွေကို အများအပြား ကိုင်ဆောင်ထားကြပါတယ်။


စစ်ကောင်စီ ထောက်ခံသူတွေ ဦးသူရိန်မင်းထွန်းနဲ့ ဦးကျော်ကျော် ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချို့ အရပ်ဝတ်တွေနဲ့ လိုက်ပါလာတယ်လို့ ဒေသတွင်း မြန်မာသတင်းဌာနအချို့က ဖော်ပြထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။


Photo: The Reporters & Thai PBS News

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page