ထိုင်းဆုန်ခရမ်သင်္ကြန်ပွဲတော် ၂ ရက်အတွင်း ယာဉ်မတော်တဆကြောင့် သေဆုံးသူ ၆၀ နီးပါးရှိလာ
- BVJ

- Apr 24
- 1 min read
BVJ_ဧပြီ ၁၃ ၊ ၂၀၂၅

ထိုင်းနိုင်ငံမှာ ဆုန်ခရမ်သင်္ကြန်ပွဲတော် ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၆၀ နီးပါးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄၅၈ ဦးအထိရှိလာပြီဖြစ်တယ်လို့ ထိုင်းသတင်းဌာန Bangkok Post က ဖော်ပြထားပါတယ်။
မနေ့ ဧပြီ ၁၂ ရက်မှာ စတင်ကျင်းပတဲ့ ဆုန်ခရမ်သင်္ကြန်ပွဲတော်မှာ ယာဉ်မတော်တဆကြောင့် သေဆုံးသူ ၂၇ ဦးရှိခဲ့ပြီး ၂၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီနေ့ ဧပြီ ၁၃ ရက်မှာလည်း သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၅၇ ဦးအထိရှိလာတာလည်း ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုအတွင်း ဆိုင်ကယ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု ၈၆ ရာခိုင်နှုန်းအထိရှိခဲ့ပြီး သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်တာတွေကြောင့် ယာဉ်မတော်တဆဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားချိန်ဟာ နေ့လည် ၃ နာရီကနေ ၆ နာရီကြားမှာ အများဆုံးဖြစ်ပွားတာမျိုးဖြစ်ပြီး အရက်သောက်မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့တာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဆုန်ခရမ်ပွဲတော် ပထမဆုံးရက်မှာ ယာဉ်မတော်တဆမှု ၂၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ကာ ၂၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawinpong က ပြောကြားထားပါသေးတယ်။







Comments