top of page

ထိုင်ခုံ၊ ရာထူးအာဏာတွေကို NUG မမက်မောဟု ယာယီသမ္မတ ပြောလာ

  • Writer: Zayar Oo
    Zayar Oo
  • Jan 1, 2025
  • 1 min read

BVJ/အိုင်းရစ်_ဇန်နဝါရီ ၁ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူလူထုတာဝန်ပေးချက်အရ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပေမဲ့ ထိုင်ခုံ၊ ရာထူး၊ အာဏာတွေကို မက်မောဖက်တွယ်နေမှာမဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


NUG အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီး ပြည်တွင်းအခြေအနေအရ မြေပြင်မှာ အင်အားတွေ လာရောက်စုစည်းရမယ့် လုပ်ငန်းစဉ်တွေလုပ်ဆောင်နေသလို ပြည်တွင်းမှာ ပြန်လည်အခြေတည်ရမယ့် ခေါင်းဆောင်တွေ ပြည်တွင်းမှာ ဆက်လက်ဦးဆောင်မှု ပြုလုပ်စေမှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။


"ပြည်သူတာဝန်ပေးချက်အရ ထမ်းဆောင်နေ၊ ရာထူး၊ ထိုင်ခုံ၊ နေရာတွေကို ဖက်တွယ်နေတာ မဟုတ်သလို မိမိတို့ အခန်းကဏ္ဍကို တိုးချဲ့နေတာမဟုတ်သလို ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ထဲမှာ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်" လို့ ယာယီသမ္မတက ပြောပါတယ်။


ဒါ့အပြင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် NUG အစိုးရမှာ အပြည့်အဝတာဝန်ရှိသလို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်။


တော်လှန်ရေးတာဝန်အရပ်ရပ်ကို လိုအပ်ချက်အရ လုပ်ဆောင်တာမှာ ကျွန်တော်တို့တွေရဲ့ ဦးဆောင်မှု လိုအပ်ချက်ကြောင့်သော်လည်းကောင်း၊ စနစ်နဲ့ အကျင့်ဆိုး စရိုက်ဆိုးကျိုးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်သော်လည်းကောင်း ပြည်သူလူထုတွေအပေါ် တစုံတရာ ထိခိုက်နစ်နာမှုရှိခဲ့တာကိုလည်း သတိပြုတယ်လို့ ယာယီသမ္မတ ပြောကြားခဲ့ပြီး မြေပြင်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်နေတယ်လို့ ပြောပါတယ်။


ဒါ့အပြင် တော်လှန်ရေး တိုးတက်အောင်မြင်ဖို့မဟာမိတ်ဆက်ဆံရေး‌တွေကို ပိုမိုကြိုးစားတည်ဆောက်သွားမယ်လို့ ပြောကြားထားပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း‌တွေအနေနဲ့ လူမျိုးတစ်မျိုးထဲ လွတ်မြောက်ရေးအတွက် မလုပ်ဆောင်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ တာဝန်ရှိတယ်လို့ ယာယီသမ္မတက တိုက်တွန်းပြောကြားထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page