top of page

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းကို KA သိမ်းယူ

  • Writer: BVJ
    BVJ
  • Feb 14, 2025
  • 1 min read

BVJ/ ဇော် - ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅



ထိုင်း-ကရင်နီ နယ်စပ်မှာသိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ ပွိုင့် ၅၄၁၆ (တောင်ကတုံးစခန်း)ကို ကရင်နီပြည်တပ်မတော်-KAက မနေ့က ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်သားအင်အား လေးဆယ်ဝန်းကျင်ရှိတဲ့ အဲ့ဒီတပ်စခန်းကို ကရင်နီပြည်တပ်မတော်-KA က လက်နက်ကြီး၊ Drone တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ ပစ်ကူခဲ့တယ်လို့ KAတပ်ဖွဲ့ဆီက သိရပါတယ်။


စစ်ဆင်ရေးအတွင်း ကရင်နီပြည်တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်ဘက်ကနေ မခံနိုင်တော့တာကြောင့် ရှမ်းပြည်ဘက်က နီးစပ်ရာစခန်းတခုကို ဆုတ်ခွာသွားခဲ့တယ်လို့ ကရင်နီပြည်တပ်ရင်း - ၅ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။



“ဒီစခန်းက ရှမ်းရယ်ကရင်နီရယ် ထိုင်းမှာရှိတဲ့စခန်းတစ်ခုပေါ့နော်။ ကျွန်တော်တို့ကရင်နီပြည်နယ်ဆိုရင်တော့ သံလွင်ရဲ့အရှေ့ဘက်ကရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းတစ်ခုပါ။ ပြီးတော့စစ်ကောင်စီက သူတို့ဒီရှမ်းပြည်ဘက်ကို နီးစပ်ရာ စခန်းတစ်ခုကို ပြန်ဆုတ်သွားတာပါဗျ” လို့ KAတပ်ရင်း-၅ တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။


အခုသိမ်းယူခဲ့တဲ့တပ်စခန်းဟာ ကရင်နီပြည်တပ်မတော်-KAရဲ့ အခြေစိုက်ရာတပ်စခန်းဖြစ်ပေမယ့် စစ်ကောင်စီကလာတိုက်ပြီး တပ်စွဲနေရာယူခဲ့တာ နှစ်ပေါင်း သုံးဆယ်ကျော်သက်တမ်းရှိပြီဖြစ်ကြောင်းကို KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒေသအခြေစိုက်ကန္တာရဝတီတိုင်းမ်သတင်းဌာနကို ဖြေထားပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးပေမယ့် ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်း၊ မိုင်း၊ ကား နဲ့ ဆိုင်ကယ်အချို့ကို ရရှိခဲ့တယ်လို့လည်း KAတပ်ရင်း-၅က ပြောပါတယ်။


စစ်ဆင်ရေးမှာ ကရင်နီပြည်တပ်မတော်ဘက်က အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page