top of page

တိုင်းရင်းသားနယ်မြေတွေအပါ မြို့နယ်ပေါင်း နှစ်ရာနီးပါးမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ NUG လုပ်နေ

  • Writer: BVJ
    BVJ
  • May 7
  • 1 min read

BVJ/ဇော် _ မေ ၇ ၊ ၂၀၂၅


Photo: NUG
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ဒေသနဲ့ တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ မြို့နယ်ပေါင်း (၁၉၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ NUG ရဲ့ လေးနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအရ သိရပါတယ်။


ဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ ၂၉ ဦး၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ ၂၂၇ ဦးတို့နဲ့ချိတ်ဆက်ပြီး ဆေးရုံ ၁၀၆ ရုံ၊ ဆေးခန်း ၈၀၈ ခုနဲ့ ရွေ့လျားဆေးခန်း ၁၉၂ ခုကျော်မှာ ကျန်းမာရေးလုပ်သားအင်အား ၅၀၀၀ ကျော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေတာလို့ ဖော်ပြပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကာလအတွင်းမှာ ပြင်ပလူနာအရေအတွက်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တခုတည်းမှာတင် (၁၀၅၅၈) ဦးကနေ (၁၂၄၁၆၃၃) ဦးအထိ ကုသပေးနိုင်ခဲ့တယ်လို့ NUGရဲ့အစီရင်ခံစာအရ သိရပါတယ်။


NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း ပြည်တွင်းပြန်ဝင်ကာ တော်လှန်‌ရေးတပ်ဖွဲ့ စိုးမိုးဒေသတွေမှာ အခြေခံဆေးပညာသင်ကြားမှုတွေနဲ့ အထူးကုပညာတွေသင်ကြားပေးနေပြီလို့ အခုနှစ် ဧပြီလကုန်ပိုင်းက ထုတ်ပြောထားပါသေးတယ်။


ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် CDMကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း အတူပါဝင်တိုက်ပွဲဝင်ကြဖို့ ဧပြီ ၂၅ ရက်နေ့မှာ ဖိတ်ခေါ်ထားပါသေးတယ်။


ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြန်လည်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် NUG အစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း အသုံးပြုမယ်လို့ ကနဦးလျာထားပြီး ကျန်းမာရေးနဲ့ ဆေးဝါးကုသမှုဆိုင်ရာ ဆောင်ရွက်မှုတွေပါ သုံးစွဲသွားမယ်လို့လည်း ဧပြီ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page